သူငယ်ချင်း သုံးယောက်နဲ့ တက်တူး ဆင်တူထိုးလိုက်တဲ့ Miley Cyrus
02 May 2016 1,745 Views

Miley နောက်ဆုံးထိုးလိုက်တဲ့ တက်တူးကတော့ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် ဆင်တူ ထိုးခဲ့ကြတာဖြစ်ပြီး အဲဒီသူငယ်ချင်းတွေထဲမှာ သူမရဲ့ချစ်သူ Liam Hemsworth ရဲ့ ခယ်မ Elsa Pataky လည်း ပါပါတယ်။

အနက်ရောင် လိုင်းလေးတွေသာပါတဲ့ အဲဒီဒီဇိုင်းကို သူတို့သူငယ်ချင်းလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ နာမည်ကျော် ရေလွှာလှိုင်းစီးသမား Kelly Slater က ဆွဲပေးခဲ့တာ ဖြစ်ပါတယ်။
ချစ်စရာတက်တူးသေးသေးလေးတွေကို ဧပြီလ ၃၀ ရက်နေ့က Australian ရောက်တုန်း Miley ရဲ့ သူငယ်ချင်း တက်တူးဆရာမ Lauren Winzer ဆီမှာ ထိုးခဲ့တာဖြစ်ပါတယ်။

မိုင်လီဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက သူမရဲ့လက်မှာ ထောပတ်သီးပုံ တက်တူးထိုးခဲ့သေးပြီး အဲဒီတုန်းကလည်း Winzer ကပဲ ထိုးပေးခဲ့တာပါ။

Credit: Duwun





