BEC-TERO TV

ခရီးသွားတွေအတွက် အန္တရာယ်အများဆုံးနေရာ (၇) ခု

02 May 2016     1,359 Views


၁။ El Caminito Del Rey (စပိန်)

El Caminito Del Rey ရဲ့ အဓိပ္ပာယ်ကတော့ ဘုရင်သွားတဲ့ လမ်းကျဉ်းလေးလို့ ဆိုပါတယ်။ ၁၉၀၅ ခုနှစ်မှာ အလုပ်သမားတွေ လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ဖို့ ဆောက်လုပ်ခဲ့တာပါ။ မသွားဖို့တားမြစ်ထားတဲ့နေရာတစ်ခုဖြစ်ပေမဲ့ စွန့်စွန့်စားစားတွေကိုမှ ကြိုက်နှစ်သက်တဲ့ခရီးသွားတွေကို တားဆီးလို့မရဘူးဖြစ်နေပါတယ်။

၂။ သေမင်းရေအိုင် (ဇမ်ဘီးယား)

မတော်တဆ လူသေမှုတွေ မကြာခဏဖြစ်လေ့ရှိတဲ့ ဒီရေအိုင်ကို ခုချိန်ထိ ခရီးသွားတွေမပြတ်သေးပါဘူး။ ကမ္ဘာ့အလှဆုံး ရေအိုင်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

၃။ မိုဟာတောင်စွန်း (အိုင်ယာလန်)

Princess Bride ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ဖူးတဲ့ ဒီတောင်စွန်းဟာ စက်ဘီးစီးခရီးသွားတွေ မျက်စိအကျဆုံးနေရာလို့ဆိုပါတယ်။ ၄ပေသာကျယ်တဲ့ လမ်းကျဉ်းလေးမှာ အသက်ကိုမမှုဘဲ စက်ဘီးစီးကြတဲ့သူတွေကတော့ အံ့သြစရာပါပဲ။

၎။ ဟူဝါရှန်တောင် (တရုတ်)

တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး တောင်တက်အပန်းဖြေနေရာပါ။ မတ်စောက်ပြီး ကြောက်စရာကောင်းလွန်းလှတဲ့ဒီတောင်ကို သစ်သား၊ သံချိန်းကြိုးတွေနဲ့ တောင်တက်လို့ရအောင် ပြုလုပ်ပေးထားပါတယ်။

၅။ Huayna Picchu (ပီရူး)

ရှုခင်းကတော့ လှလွန်းပါတယ်။ အဲဒီ့အပေါ်ကိုရောက်ဖို့ကလည်း သေမလောက်ခက်ခဲပါတယ်။ အပေါ်ကိုတက်နေတဲ့လမ်းမှာ ခြေချော်လက်ချော် မတော်တဆဖြစ်ရင် အသက်ရှင်ဖို့အခွင့်အရေးမရှိပါဘူး။

၆။ Kjeragbolten (နော်ဝေး)

ပုံမှာပြထားသလိုပဲ နော်ဝေးနိုင်ငံ ရိုဂလန်မှာရှိတဲ့ ကျောက်စွန်းနှစ်ခုကြားမှာ ကျောက်တုံးကြီးတစ်ခု ညပ်နေတာပါ။ ကျောက်တုံးက မြေမျက်နှာပြင်ရဲ့ ၃၂၄၅ ပေအမြင့်မှာရှိနေပြီး ပြုတ်ကျလိုက်ရင်တော့ အပေါ်မှာတက်ပြီး မတ်တပ်ရပ်နေတဲ့သူအဖို့ မတွေးဝံ့စရာပါပဲ။

၇။ Trift Suspension တံတား (ဆွစ်ဇာလန်)

တံတားနဲ့တောင်မတူပါဘူး။ သေတွင်းထဲဆင်းတဲ့ လျှောတစ်ခုနဲ့ တူနေပါတယ်။ အမြင့်ပေ ၃၃၀ ရှိပြီး အကျယ် ၃ပေရှိတဲ့ ဒီတံတားဟာ လျှောက်တဲ့သူတိုင်း အောက်ကိုကြာကြာငုံ့မကြည့်ရဲဘူးလို့ ဆိုပါတယ်။

Credit ;  DUWUN


02 May 2016     1,359 Views




RELATED

Most Popular of International News

Most Popular of NEWS