BEC-TERO TV

ရန်ကုန်မီးမပြတ်ရေး ထရန်စဖော်မာ အလုံး ၁၅၀ အစားထိုးလဲလှယ်မည်

02 May 2016     1,522 Views


ရန်ကုန်မြို့တွင် လျှပ်စစ်မီးမပြတ်စေရေး လက်ရှိ အသုံးပြု နေသည့် ထရန်စဖော်မာ အလုံး ၁၅၀ ကို အစားထိုးတပ်ဆင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့တွင်းနှင့် မြို့ပြင် မည်သည့်နေရာများမဆို ထရန် စဖော်မာများ ပျက်စီးပါက အစား ထိုးတပ်ဆင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း ဒုတိယ အင်ဂျင်နီယာချုပ် ဦးစောဝင်း မောင်က ပြောသည်။

‘‘လိုတဲ့နေရာတွေကို အစား ထိုးသွားမယ်။ အခု ဒီပမာဏမှန်း ထားပါတယ်။ ဘယ်နေရာမှာဖြစ် ဖြစ် အစားထိုးဖို့ စီစဉ်ထားပါ တယ်’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။ ရက်တစ်ရာ စီမံကိန်းအ တွက် ကုန်ကျစရိတ်ကို တွက်ချက် နေပြီး ရက်တစ်ရာစီမံကိန်းနှင့် မလုံလောက်ပါက ရက်နှစ်ရာစီမံ ကိန်း ထပ်ဆွဲရန် စီစဉ်ထား ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေး ရှင်းမှ သတင်းရရှိသည်။ ယခုနှစ်နွေရာသီတွင် ရန် ကုန်မြို့အပါအဝင် မြို့ကြီးများသို့ အဓိကပေးပို့သည့် မဟာဓာတ် အားလိုင်းများမှ သွယ်တန်းရယူ ရာတွင် လျှပ်စစ်သုံးစွဲမှုပမာဏ ဆက်တိုက် မြင့်တက်လာခြင်း ကြောင့် ဓာတ်အားလိုင်း ပြတ် တောက်မှုများ မကြာခဏ ဖြစ်ပွားနေသည်။

ထို့အပြင် မြို့နယ်အချို့ ၏ဓာတ်အားခွဲရုံများတွင် တပ်ဆင်ထားသည့် အဓိကသွယ်တန်းထား သော ဓာတ်ကြိုးများ၌ အချို့ အပူ လွန်လောင်ကျွမ်းမှုများကြောင့် လျှပ်စစ်မီးဆိုးရွားစွာ ပြတ် တောက်မှုများ ဖြစ်ပွားခဲ့သည်။ လျှပ်စစ်မီးမပြတ်တောက် စေရေးအတွက် သက်တမ်းကြာ အိုမင်းရင့်ရော် ဟောင်းနွမ်းနေ သည့် ဓာတ်အားဖြန့်ဖြူးရေးစက် ပစ္စည်းများကို အသစ်လဲလှယ်ခြင်း နှင့် ယခုနွေ၌ တပ်ဆင်နိုင်ရန် ရည် ရွယ်ထားသည့် ဓာတ်ငွေ့တာဘိုင် ဓာတ်အားဖြန့်ဖြူးရေးစနစ် တပ် ဆင်နိုင်ရန် လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းက စီစဉ် နေခြင်းဖြစ်သည်။

Credit ; http://www.7daydaily.com/


02 May 2016     1,522 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS