ကော်ဖီအေးထဲမှာ ရေခဲပမာဏများစွာထည့်တာကြောင့် တရားစွဲဆိုခံထားရတဲ့ Starbucks ကော်ဖီ
02 May 2016 1,628 Views

Starbucks ကော်ဖီဆိုင်တွေဟာဆိုရင်တော့ ရောင်းချလျက်ရှိတဲ့ ကော်ဖီအေးတွေမှာ ရေခဲပမာဏကို တစ်ဝက်ကျော်အထိထည့်ပြီး ရောင်းချခဲ့တာကြောင့် ပေါင် ၃.၄ သန်းတန် တရားစွဲဆိုမှုခံနေရတယ်လို့ သိရပါတယ်။ စားသုံးသူတွေက သူတို့အမှန်တကယ်သောက်သုံးရမယ့် ပမာဏရဲ့ တစ်ဝက်လောက်ကိုသာပဲ ခံစားခွင့်ရရှိနေပြီး တစ်ဝက်ဟာ ရေခဲတွေဖြစ်နေတယ်ဆိုပြီး တရားဥပဒေဆိုင်ရာ ရှေ့နေတစ်ယောက်က ဦးဆောင် တရားစွဲဆိုမှုပြုလုပ်ထားတာဖြစ်ပါတယ်။
Starbucks မှာ ကော်ဖီသောက်သုံးနေသူတွေဟာဆိုရင်တော့ ကော်ဖီအေးတစ်ခွက်မှာ ၁၄ အောင်စ ပမာဏသာရှိတဲ့ ကော်ဖီရည်ကိုသာသောက်သုံးနေရပြီး ကျန်တဲ့တစ်ဝက်အတွက် အလကားနေရင်း ပိုက်ဆံပေးနေရသလိုဖြစ်နေတယ်လို့ သောက်သုံးသူတွေက ဆိုပါတယ်။ Starbucks ဟာဆိုရင် ကြော်ငြာထဲမှာ ခွက်အပြည့်နီးပါးအထိ ကော်ဖီအေးကို ကြော်ငြာထားပေမယ့်လည်း တကယ်ဝယ်သောက်ရင်တော့ သူတို့ ကြော်ငြာထားသလောက် မရရှိဘူးလို့လည်း သောက်သုံးသူတွေက ထပ်မံပြောကြားကြပါတယ်။
Starbucks ကတော့ ကော်ဖီအေးမှာ ရေခဲဟာအရေးကြီးဆုံး ပါဝင်ပစ္စည်းဖြစ်တာကြောင့် အခုလိုပြုလုပ်ရတာဖြစ်ပြီး သောက်သုံးသူတွေအနေနဲ့ နားလည်ပေးနိုင်မယ်လို့ ယုံကြည်မှုရှိကြောင်း ကြေညာထားခဲ့ပါတယ်။
Credit ; thithtoolwin.com/








