BEC-TERO TV

အိမ်ထောင်ရေးဖောက်ပြန်တယ်ထင်ပြီး ရဲအတိုင်ခံရသူ မျောက်များနဲ့ တွေ့ရှိ

02 May 2016     1,358 Views


တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တုန်းရှင်းမြို့ရှိရဲစခန်း၌ ညသန်း ခေါင်အချိန်မှာ အိမ်ထောင်ရှင်မတစ်ယောက်ဟာ သူမ၏အမျိုးသားဖောက်ပြန်နေ၍ ဖမ်းဆီး ပေးဖို့ရဲကိုဖုန်းဆက် အကြောင်းကြားတိုင်ကြားခဲ့ပါတယ်။ဒါကြောင့် ရဲတွေက အတိုင်ခံရသူအမျိုးသားရှိရာနေအိမ်ကို ဝင်ရောက်ရှာဖွေမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ အဆိုပါအမျိုးသားကိုသာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ရဲများမှအိမ်ကိုဝင်ရှာမယ်လို့ လုပ်တဲ့အခါ အဆိုပါအမျိုးသားက ရဲတွေ ၀င်ရှာမယ်ဆိုရင် ဓားဖြင့် သူ့ကိုသူသတ်သေမယ်လို့ ရဲတွေကို ခြိမ်းခြောက် ခဲ့ပါတယ်။ ရဲများက ထိုအမျိုးသားကို စိတ်ငြိမ်အောင်ထိန်းသိမ်းပြီးနောက် အိမ်ထဲ ရှာဖွေရာ ဖောက်ပြန်နေသည်တာကို မတွေ့ရပါဘူး။ဒါပေမယ့် မမျှော်လင့်ဘဲ အဆိုပါအိမ်ထဲမှာ ဥပဒေဖြင့်ကာကွယ် စောင့်ရှောက်ဖို့ ထုတ်ပြန်ထားတဲ့ မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မျောက်၃၇ကောင်ကို လှောင်အိမ်ထဲတွင်သော့ခတ် ဖမ်းဆီးထားတာကို တွေ့ရှိခဲ့ပါတယ်။

မျောက်တွေနဲ့အတူ မှောင်ခိုဝယ်ယူ မှုအသေးစိတ် မှတ်တမ်းတင်ထားတဲ့ မှတ်စုစာအုပ်ကိုလည်း တွေခဲ့ရပါတယ်။အဆိုပါရှားပါးမျောက်တစ်ကောင်ရဲ့ မှောင်ခိုဈေးကွက်ပေါက်ဈေးက အမေရိကန်ဒေါ်လာ ၁၀၀ခန့် ရှိကြောင်းတွေ့ရှိရပါတယ်။ ယခုအခါအဆိုပါအမျိုးသားကို ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိပါတယ်။ Credit: China.com


02 May 2016     1,358 Views




RELATED

Most Popular of Special or Others

Most Popular of NEWS