BEC-TERO TV

စပါး အသင်းသရေကျခဲ့လို့ ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက် အမှန်တကယ် ဖြစ်ခဲ့တဲ့ လက်စတာ

03 May 2016     1,316 Views


လက်စတာအသင်းရဲ့ ချန်ပီယံဖြစ်ရေး အိပ်မက်ဟာ တကယ်ဖြစ်လာပါပြီ။

အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ချဲလ်ဆီးအသင်းတို့ မေလ ၂ ရက်ညက ယှဉ်ပြိုင်ရာမှာ သရေကျသွားတဲ့အတွက် လက်စတာအသင်း ချန်ပီယံအိပ်မက်ကနေ ဘယ်လိုမှ လွဲချော်စရာအကြောင်း မရှိတော့ပါဘူး။

မေလ ၂ ရက်ည ပွဲမှာ တော့တင်ဟမ်အတွက် ၂ ဂိုးကို ဟယ်ရီကိန်းနဲ့ ဆွန်ဟန်မင်းတို့က သွင်းပေးခဲ့ပြီး ချဲလ်ဆီးအသင်းအတွက် ချေပဂိုးတွေကို ဂယ်ရီ ကာဟေးနဲ့ လူစားဝင်လာတဲ့ ဟာဇတ်တို့က သွင်းပေးခဲ့ပါတယ်။

နောက်ထပ်ကစားဖို့ နှစ်ပွဲကျန်သေးပေမယ့် ဒုတိယနေရာမှာရှိတဲ့ တော့တင်ဟမ်နဲ့ ဇယားထိပ်က လက်စတာတို့ကြားမှာ ၇ မှတ်ကွာတဲ့အတွက် လက်စတာအသင်း ချန်ပီယံဖြစ်ဖို့ သေချာသွားတပါ။

လက်စတာအသင်းအတွက် ပထမဆုံး ပရီမီးယားလိဂ် ချန်ပီယံဖလား ဖြစ်သလို အင်္ဂလန်နဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အသင်းရဲ့ပရိသတ်တွေက မမေ့နိုင်စရာ ပရီမီးယားလိဂ်အဖြစ်  အောင်ပွဲခံနေကြပါပြီ။

 

 


03 May 2016     1,316 Views




RELATED

Most Popular of International News

Most Popular of Sport