BEC-TERO TV

ကောင်းကင်မှနတ်သမီးကြွေကျတယ်ထင်ပြီးဆယ်ယူရာမှSex Toyကြီးဖြစ်နေ

03 May 2016     1,540 Views


အင်ဒိုနီးရှားနိုင်ငံတွင် နေကြတ်ခြင်းဖြစ်ပြီးသိပ်မကြာခင်အချိန်မှာ တံငါသည်တစ်ယောက်ဟာ ရေထဲမှာ အလွန်လှပတဲ့အမျိုးသမီးငယ်တစ်ယောက်မျောနေတာကိုတွေ့လို့ နတ်သမီးနတ်သက်ကြွေတယ်ထင်ပြီး သွားရောက်ဆယ်ယူခဲ့ပါတယ်။Pardinလို့ခေါ်တဲ့အသက်၂၁နှစ်အရွယ် ထိုအမျိုးသားဟာ ရေထဲကနေ ခက်ခက်ခဲခဲဆယ်ပြီး အိမ်ကိုသယ်လာခဲ့ပါတယ်။

အိမ်ရောက်တဲ့အချိန်မှာ အမေဖြစ်သူကလည်း ထိုအရုပ်ကို လူအစစ်ကဲ့သို့နေ့စဉ် ဂရုစိုက်ခဲ့ပါတယ်။ နေ့တိုင်းလည်းအဝတ်အစားတွေလဲပေးခဲ့ပါတယ်။ တစ်ခါတစ်လေ ထိုင်ခုံပေါ်မှာ ထိုင်ခိုင်းထားစေပါတယ်။ ဒီသတင်းဟာ သူတို့နေထိုင်တဲ့ banggaiကျွန်းပေါ်မှာပြန့်နှံ့သွားပြီး လူတွေကလည်း “သောင်တင်နေတဲ့ နတ်သမီးငယ်လေး” ဆိုတဲ့သတင်းမျိုးတွေဖြန့်ခဲ့ပါတယ်။

မူစလင်တွေအများဆုံးနေထိုင်တဲ့နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ မတ်လ၁၂ရက်နေ့က နေကြတ်ခဲ့တာကို မမြင်ရတဲ့ဝိညင်စွမ်းအားတွေရှိနေတယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ဒီသတင်းတွေကို ရဲဌာနကကြားတဲ့အခါမှာ သွားရောက်စစ်ဆေးခဲ့ပြီး Sex Toyကြီးတစ်ခုဖြစ်နေကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ “ကျွန်တော်တို့ ရဲတပ်ဖွဲ့က တစ်ယောက်ကသေချာစစ်ဆေးခဲ့ပြီးပါပြီ။ လေမှုတ်ပြီးအသုံးပြုရတဲ့ Sex Toy တစ်ခုပါ။”လို့ ဒေသခံရဲအရာရှိ Heru Pramukarnoကပြောခဲ့ပါတယ်။ အရုပ်ကိုလည်း အမြန်ဆုံးလွှင့်ပစ်စေခဲ့ပါတယ်။ Credit:Shwemom


03 May 2016     1,540 Views




RELATED

Most Popular of Special or Others

Most Popular of NEWS