BEC-TERO TV

ခွေးလေးနဲ့ အတူတူ ခြေထောက် ပြန်ကောင်းလာတဲ့ သခင်မလေး

03 May 2016     1,690 Views


Lindsey လို့ အမည်ရတဲ့ အသက် ၂၈ နှစ် အရွယ် အမျိုးသမီးဟာ တစ်ချိန်တုန်းက ဂျာမနီ နိုင်ငံက အက ပညာရှင် တစ်ဦး ဖြစ်ပါတယ်။ ပြဇာတ် တစ်ခုမှာ အက အက်ဆီးဒင့် တစ်ဦးကြောင့် ခြွေခွင် လွဲသွားပြီး တွန်းလှဲပေါ်မှာသာ နေရတဲ့ ဘဝကို ရောက်သွား ပါတယ်။ ဆရာဝန်များက သူမကို ဘယ်တော့မှ လမ်းပြန်လျှောက်နိုင်တော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဖြတ်တောက် ပြီးတော့ ကုသဖို့လိုရင်တောင် လိုအပ်မယ်လို့ ပြောခဲ့ ပါသေးတယ်။

ဖြတ်တောက်ဖို့တော့ သူမ လက်မခံ ခဲ့ ပါဘူး။ ဒါနဲ့ နောက်ဘက် ခြေထောက် မသန်တဲ့ ခွေးတစ်ကောင်ကို မွေးပါတယ်။ သွေးကြော ခဲပြီး နောက်ခြောက်ထောက် နှစ်ဘက် မလှုပ်ရှားနိုင်တဲ့ ခွေးကလေးနဲ့ အတူ နေပြီး ဘဝ ဖြတ်သန်း ပါတယ်။ ခွေးကလေး လမ်းပြန်လျှောက်နိုင်အောင် ကြိုးစား ပေးပြီး သူမက အလိုလို လမ်းလျှောက်လာနိုင်ခဲ့ ပါတယ်။ ထင်မှတ်မထား လောက်အောင် ကျန်းမာရေး ကောင်းသွားပြီး သာမန် လူတစ်ယောက်လို ပြန်ဖြစ် လာပါတယ်။

ဒါကြောင့် သူမဟာ သူမရဲ့ ခွေးကလေးကို လမ်းပြန်လျှောက်နိုင်အောင် ကြိုးစား ပေးရင်း နောက်ဆုံးတော့ ခွေးရော Lindsey ဟာ သာမန် အကောင်း ပကတိ ကို ပြန်ရောက် သွားပါတယ်။ သူမဟာ ယခုဆိုရင် သူ ဝါသနာ ပါတဲ့ အက ဘက်ကို ပြန်သွားတော့မှာ ဖြစ်ပါတယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားမှုကြောင့် ပြန်ကောင်းလာတဲ့ Lindsey ဟာ အများ လေးစား အတုယူ ရလောက်တဲ့ အမျိုးသမီး တစ်ဦး ဖြစ်လာ ပါတယ်။

Credit ; Yoyarlay


03 May 2016     1,690 Views




RELATED

Most Popular of International News

Most Popular of NEWS