အခြားစားသောက်ဖွယ်ရာများနှင့် ခွဲမရအောင် တုပပြုလုပ်ပေးနိုင်သည့် ကိတ်မုန့်အနုပညာရှင်
03 May 2016 2,122 Views

Global Times သတင်းဌာန၏ ဧပြီ ၂၉ ရက်သတင်းတစ်ပုဒ်မှာတော့ အမျိုးသမီးငယ်တစ်ဦးဟာ ဟန်ဘာဂါ စတဲ့ အခြားစားသောက်ဖွယ်ရာများနဲ့ ခွဲမရအောင် တူလွန်းတဲ့ ကိတ်မုန့်တွေကို အနုပညာမြောက်စွာပြုလုပ်ပြီး သူရဲ့လုပ်ငန်းသစ်ကို စတင်ခဲ့ပါတယ်။

Molly Robbins အမည်ရှိတဲ့ သူမဟာ ဗြိတိန် လန့်ရှိုင်းယားအရပ်က Rosendale မှဖြစ်ပြီး ယခင်က အလှပြင်ဆရာမတစ်ဦးဖြစ်ခဲ့ပါတယ်။ သူမရဲ့ မိဘကတော့ ဗြိတိန်သရုပ်ဆောင် Ted Robbins ပါ။
တစ်ခါက သူမ၏သူငယ်ချင်းဖြစ်သူအတွက်ကိတ်မုန့်တစ်ခုလုပ်ပေးခဲ့ရာကနေ လက်ရာက ကောင်းလွန်းတဲ့အတွက် သူငယ်ချင်းဖြစ်သူက တသသ ချီးကျူးခဲ့ရပါတယ်။
ဒါကြောင့် လွန်ခဲ့သော ၃ နှစ်က Molly ဟာ ကိတ်မုန့်တီထွင်တဲ့ စီးပွာရေးလုပ်ငန်းလုပ်ကိုင်ခဲ့ပြီး ဖောက်သည်များအတွက် ထူးဆန်းသောကိတ်မုန့်များကိုပြုလုပ်ပေးခဲ့ပါတယ်။Credit: china.com











