BEC-TERO TV

အမြန်လမ်း ၁၂၂ မိုင်အနီးတွင် အိမ်စီးကားတစ်စီး မီးလောင်ပြီး ယာဉ်ပေါ်ပါ ခရီးသည်နှစ်ဦး မီးလောင်သေဆုံး

03 May 2016     1,660 Views


အမြန်လမ်း ၁၂၂ မိုင်အနီးတွင် ယနေ့ (မေ ၃ ရက်) နံနက် ၁၂ နာရီ ၃၀ မိနစ် ခန့်က အဖြူရောင် အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည်နှစ်ဦး မီးလောင်သေဆုံး သွားခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်သည် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်ရာ အရှိန်မထိန်းနိုင်ပဲ အမြန်လမ်း လမ်းလယ်ကျွန်းအား ၀င်ရောက်တိုက်မိ၍ ယာဉ်တိမ်းမှောက်ကာ ကားတစ်စီးလုံး မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အိမ်စီးကား မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း နံနက် ၁၂ နာရီ ၃၀ မိနစ်တွင် သတင်းရရှိပြီးနောက် ဗောဓိကုန်း အမြန်လမ်းရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီခဲ့ရာ နံနက် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း မီးလောင်ကျွမ်းချိန် နာရီဝက်နီးပါးမျှ ကြာမြင့်ခဲ့သောကြောင့် ယာဉ်ပေါ်ပါ အမည်၊ နေရပ်လိပ်စာ စီစစ်ဆဲ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မီးလောင် သေဆုံးခဲ့ပြီး သေဆုံးသူများအား အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားရှိကြောင်း သိရသည်။

Credit ; ElevenMediaGroup


03 May 2016     1,660 Views




RELATED

Most Popular of Special or Others

Most Popular of NEWS