BEC-TERO TV

မြို့လယ်ခေါင်မှာ ကိုယ်လုံးတီးနဲ့ ကွန်ဖူးသိုင်းကွက် နင်းနေတဲ့ မိန်းမ ( Video )

03 May 2016     1,680 Views


နယူးယော့ခ် မြို့ က ရဲ အရာရှိတစ်ချို့ ဟာ မြို့ တော်ဘူတာရုံရှေ့မှာ သောင်းကျန်းနေတဲ့ ၀တ်လစ်စလစ် အမျိုးသမီး တစ်ဦးကြောင့် ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။
ထို ရဲဝန်ထမ်းတွေဟာ ခန္ဓာကိုယ်အချိုးအစား ကြီးမားတဲ့ ကိုယ်လုံးတီး အမျိုးသမီး ရဲ့  လေထဲမှာ ထိုးနှက်နေမှု ၊ သူတို့ရှိရာကို ကွန်ဖူးသိုင်းများ ဦးတည် တိုက်ခိုက်နေမှု နဲ့ ပတ်သက်ပြီး ကြံရာမရ ဖြစ်ခဲ့ကြရပါတယ်။
ရဲဝန်ထမ်းတစ်ယောက်က ထိုအမျိုးသမီးက နောက်ကျောက လှမ်း ကိုင်ပြီး ဖမ်းဆီးဖို့ ကြိုးစားပေမယ့်လည်း အမျိုးသမီးက သူ့ရဲ့ လက်ကို ကိုင်ဆွဲလှည့်ကာ တစ်ချက် ထိုးခဲ့ပါတယ်။
သူမဟာ အဲဒီနောက်မှာတော့ ဒူး ၂ဖက်အပေါ် သူမရဲ့  လက်တွေကို ထားရှိရင်း အရှေ့ ကို ကိုင်းညွတ်ပြီး အရိုအသေ ပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အနီးအနားက ခုံတန်းလျားတစ်ခုဆီ ပြေးသွားပြီး ထိုခုံကို ရိုက်ချိုး ပစ်ခဲ့ပါတယ်။ ပြီးမှ နဖူးကချွေးတွေကို လက်ခုံနဲ့ သုတ်ပြီး ဖယ်ရှားပစ်ခဲ့တာကိုတွေ့ရပါတယ်။
အဲဒီနောက် အမျိုးသမီးက မတ်တပ်ထရပ်ပြီး အဝေးကို ဖြေးဖြေးချင်းလမ်းလျှောက်သွားတော့မှ ရဲဝန်ထမ်းတွေက မလှမ်းမကမ်းက လိုက်ပြီး ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။
ထိုအမျိုးသမီး ဘာကြောင့် ကိုယ်လုံးတီးနဲ့ လမ်းလယ်ခေါင် ကွန်ဖူးတွေ ချနေရတာလည်းဆိုတာကိုတော့ စုံစမ်း ဖော်ထုတ်နေဆဲ ပဲ ဖြစ်ပါတယ်။
 

03 May 2016     1,680 Views




RELATED

Most Popular of International News

Most Popular of NEWS