BEC-TERO TV

ခင်ပွန်းတွေ သိထားသင့်တဲ့ ဇနီးမယား (၆) မျိုး

03 May 2016     1,646 Views


အိန္ဒိယ စကားပုံအရ ဇနီးကောင်းဆိုတာ ဘုရားပေးတဲ့ လက်ဆောင်တဲ့။ အရမ်းမှန်ပါတယ် ။ဇနီးကောင်းရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဘဝက အေးဆေးသက်သာပြီး ပျော်ရွှင်စရာကောင်းနေမှာ ဖြစ်သလို ဇနီးဆိုးဆိုရင်တော့ ဘဝပေးနတ်ဆိုးနဲ့ အတူနေရတဲ့ ဘဝလို့ ဆိုရမှာပါ။

 

၁)တွယ်ချိတ်နဲ့တူတဲ့ မိန်းမ

 

သူ့အနားမှာ အမြဲရှိနေစေချင်တဲ့ သူမျိုးပါ။ ကိုယ်က အမြဲဂရုစိုက်နေမှ ကျေနပ်နေတဲ့သူမျိုးဖြစ်ပြီး ကိုယ့်ကိုယ်ပိုင် အချိန်ဆိုတာကို မပေးနိုင်တဲ့ မိန်းမမျိုး ဖြစ်ပါတယ်။ကြာလာတဲ့အခါမှာ မွန်းကျပ်မှုကို ခံစားလာရစေတဲ့ မိန်းမမျိုးဖြစ်လာမှာပါ။

 

၂)အပေါက်ဆိုးတဲ့ မိန်းမ

 

စိတ်အလိုမကျတဲ့အခါတိုင်း ဘာကိုမှ စောင့်ထိန်းမှု မရှိဘဲ ပြောတတ်တဲ့သူမျိုး၊ ကိုယ်ဘာလုပ်လုပ် အပြစ်ပြောတတ်တဲ့ မိန်းမဖြစ်ပါတယ်။ ကိုယ်က အမြဲ သူ့အမိန့်အောက်မှာ နာခံနေမှ ကျေနပ်မယ့်မိန်းမမျိုး ဖြစ်ပါတယ်။

 

၃)လှပေမဲ့ အပျင်းထူတဲ့ မိန်းမ

 

လှတဲ့မိန်းမကို ရထားတဲ့အတွက် ကိုယ်က သူ့အတွက် ဂုဏ်ယူနေဖို့ပဲ စဉ်းစားပြီး မိန်းမဝတ္တရားကျေအောင် လုပ်လေ့မရှိတဲ့ မိန်းမဖြစ်ပါတယ်။ ဒါပေမဲ့ မိန်းမတစ်ယောက်က လှနေရုံနဲ့ ယောက်ျားတစ်ယောက်ရဲ့ အချစ်ကို တစ်ဘဝလုံး မရနိုင်ဘူးဆိုတာ မသိတဲ့ မိန်းမမျိုး ဖြစ်ပါတယ်။

 

၄)ယုံကြည်မှု လွန်ကဲနေတဲ့ မိန်းမ

 

ယောက်ျားနဲ့ တန်းတူ စီးပွားရှာနိုင်တဲ့ မိန်းမဖြစ်ပြီး မိသားစုကို သူ့စိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့် ရချင်တဲ့သူမျိုး ဖြစ်ပါတယ်။ ဒီလိုမိန်းမနဲ့ အတူနေရတာက အိမ်တစ်အိမ်တည်းမှာ သီးခြားကျွန်းနှစ်ခု ရှိနေသလိုပဲဖြစ်ပြီး မကြာခင်မှာ ယောက်ျားဖြစ်သူရဲ့ စိတ်ဝင်စားမှုကို မရနိုင်တော့တဲ့ မိန်းမမျိုး ဖြစ်ပါတယ်။

 

၅)စကားနာခံတဲ့ မိန်းမ

 

ဘာကိစ္စမဆို ယောက်ျားရဲ့ ဆုံးဖြတ်ချက်ရမှ လုပ်တတ်တဲ့ မိန်းမဖြစ်ပြီး ယောက်ျားအကြိုက်နေတတ်တဲ့ မိန်းမမျိုး ဖြစ်ပါတယ်။ဒါပေမဲ့ ဇနီးတစ်ယောက်နဲ့ မတူဘဲ အိမ်ဖော်တစ်ယောက်နဲ့ တူနေတဲ့ မိန်းမတစ်ယောက်ကို ယေက်ျားတွေက အလွယ်တကူ စိတ်ကုန်သွားတတ်ပါတယ်။

 

၆)ရဲဘော်ရဲဘက်နဲ့တူတဲ့ မိန်းမ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပေမဲ့ မထောင်လွှားတတ်တဲ့ မိန်းမဖြစ်ပါတယ်။ မည်သည့် အကြောင်းအရာမဆို သူနဲ့လွတ်လပ်စွာ ပြောဆိုနိုင်တဲ့သပါ။ ပူပင်စရာရှိရင် နှစ်သိမ့်ပေးပြီး ပျော်ရွှင်စရာတွေကို အတူရယ်မောပေးနိုင်မယ့် မိန်းမဖြစ်ပါတယ်။ သူ့အချစ်ကိုလည်း ပြတတ်သလို ကိုယ့်ဆီက မေတ္တာကိုလည်း ရအောင်စွမ်းဆောင်နိုင်မယ့် မိန်းမမျိုးဖြစ်ပြီး ဒီလို မိန်းမမျိုးကသာ အမှန်တကယ် ဘုရားပေးတဲ့ လက်ဆောင်ပဲဖြစ်ပါတယ်။

 

 


03 May 2016     1,646 Views




RELATED

Most Popular of Special or Others

Most Popular of Life Style