BEC-TERO TV

ရန်ကုန်မီးမပြတ်ရေး ဂျပန်ကူညီမည်

04 May 2016     1,463 Views


လျှပ်စစ်မီးပြတ် တောက်မှုများ မကြာခဏဖြစ် ပေါ်နေသော ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကဏ္ဍတွင် ဂျပန်အစိုးရက ငွေရေး ကြေးရေးနှင့် နည်းပညာပိုင်း အကူအညီများပေးရန် အစီအစဉ် ရှိကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးနှင့်အတူ လိုက်ပါလာ သည့် ဂျပန်အစိုးရဒုတိယသတင်း ပြန်ကြားရေး အတွင်းရေးမှူးက ပြောသည်။ မေလ ၃ ရက် ညနေက မြန်မာသတင်းထောက်အချို့နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ အတွင်းဝန်၊ ဒုတိယသတင်းပြန်ကြားရေးအတွင်းရေးမှူးနှင့် ဂျပန်သံရုံးအရာရှိတို့ တွေ့ဆုံစဉ် ရန်ကုန်မြို့လျှပ်စစ်ပြတ်တောက်သည့် အခက်အခဲနှင့်ပတ်သက်၍ ပြောကြားစဉ် ၎င်းက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ဖြန့်ဖြူးခြင်းစနစ်၊ ကွန်ရက်စနစ်၊ ထရန်စဖော်မာ စသည်တို့တွင် ဂျပန်က ကူညီမည်ဖြစ်ပြီး ယင်းမှာ နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်မည့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ အလုပ်အကိုင်ဖန်တီးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုး ရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ ဘဏ္ဍာရေး ငွေရေးကြေးရေးကဏ္ဍ ခြောက်ခုတွင် ကူညီဆောင်ရွက်ပေးမည်ဟု မေလ ၃ ရက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

Credit ; http://www.7daydaily.com/


04 May 2016     1,463 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS