BEC-TERO TV

မိန်းကလေးဘက်က တိုးတိုးတိတ်တိတ် ချစ်နေတဲ့ လက္ခဏာများ

05 May 2016     1,369 Views


သင်တို့ကတော့ သူငယ်ချင်းလေးပါပဲပေါ့။ ဒါပေမဲ့ သင်တို့ကြားမှာ အမြဲတမ်း သတိပြုချင်စရာ အကြောင်းအရာ တချို့ရှိနေပါတယ်။ သူမက တခြားကောင်မလေးတွေလိုမျိုး မိန်းကလေး သူငယ်ချင်းတစ်ယောက် မဟုတ်ဘူးလေ။ သင်နဲ့ပတ်သက်ပြီး သူမရဲ့ အပြုအမူတွေက လုံလောက်တဲ့ သက်သေဖြစ်မှာပါ။ သူမက သင့်ကို တိုးတိုးတိတ်တိတ် ချစ်မိနေပြီလားဆိုတဲ့ မေးခွန်း။ ကောင်းပြီ အခုပြောပြပေးမဲ့ အချက်တွေကို သူမ လုပ်တယ်ဆိုရင်၊ သူမဘက်က လုံးဝကို ချစ်မိနေပါပြီတဲ့။
 
 
၁။ သူမက သင့်ရှေ့မှာဆိုရင် ကိုးရိုးကားရား ဖြစ်နေတယ်။ သူမ လက်တွေကလည်း ဂနာမငြိမ်ဘူး။
 
၂။ သူမက သင်နဲ့ အမြဲလိုရန်ဖြစ်နေမယ်။ ဒါပေမဲ့ သင့်ကို ဘယ်တော့မှ ထားမသွားဘူး။ (ဒီတစ်ချက်က သိပ်တော့ မသိသာပါဘူး။)
 
၃။ သင်ပြောသမျှ၊ သင်လုပ်သမျှ အရာတိုင်းကို ပထမဦးဆုံး တုံ့ပြန်တဲ့သူဟာ သူမပဲ ဖြစ်ဖြစ်နေတယ်။ သူမအတွက် အခြားသူတိုင်းထက် သင်ဟာ အရေးပါနေတာမျိုး။
 
၄။ သင်နားမလည်နိုင်တဲ့၊ သင်ပြောပြဖို့တောင် မေ့နေတဲ့ အကြောင်းပြချက်တွေနဲ့ သူမဟာ ခံစားနေတယ်။ ဒါဟာ သူမကိုပြန်ချစ်လာဖို့ မျှော်လင့်ထားပြီး ပြောလို့ကလည်း မဖြစ်လို့လေ။
 
၅။ သူမအကြောင်း ဘာတွေးလဲဆိုတာတွေအပေါ် အလေးအနက်ထားတယ်။ အများက သူ့ကိုမှားနေတယ်ဆိုရင်တောင် ဂရုမစိုက်ဘဲ၊ သူမပေါ် သင့်အမြင်ကိုသာ ဂရုတစိုက်ရှိတာမျိုး။
 
၆။ သင့်ဘဝမှာ အများကြီး ပါဝင်ပတ်သက်တယ်ဆိုတာကို သူမက ပြတယ်။ သူငယ်ချင်းဆိုတာထက် ပိုပြီးပေါ့။ သင့်အကြောင်း ခရေစေ့တွင်းကျ သိချင်နေတာမျိုး။ သင် တစ်ယောက်တည်း အထီးကျန်နေရင် ဘာလုပ်တယ်၊ ကောင်မလေး ဘယ်နှယောက်နဲ့ တွဲပြီးပြီလဲ၊ ကျောင်းတုန်းက သူငယ်ချင်းဘယ်နှယောက်ရှိလဲ၊ ဘဝမှာ ဘာအဖြစ်ချင်ဆုံးလဲ စတာမျိုးတွေ သိချင်နေတာမျိုး။
 
၇။ Chat box ကနေ ကြုံရာကျပန်း မက်ဆေ့ချ်တွေ ပို့ပြီး လူမှား ပို့မိတာပါဆိုပြီး ပြောတာမျိုး။ ညသန်းခေါင်း လာ Chat တာမျိုး။
 
၈။ သင်ကိုယ်တိုင်အပါအဝင်၊ ဘယ်သူကမျှ ရယ်စရာကောင်းတယ်လို့ မထင်တဲ့ သင့်ရဲ့ အကျိုးအကြောင်းမခိုင်လုံတဲ့ ဟာသတွေကို ရယ်တာမျိုး။ ဒါမျိုးက သိပ်ချစ်ဖို့ကောင်းတယ်နော်။
 
၉။ တတ်နိုင်သမျှ သင့်ကို အာရုံစိုက်လာအောင် ကြိုးစားနေတာ။ သူလည်းသိ ကိုယ်လည်းသိ သူငယ်ချင်းတွေနဲ့ လမ်းအတူလျှောက်တဲ့အခါ တစ်ယောက်တည်းလျှောက်တာမျိုး၊ ပါတီတစ်ခုမှာ တစ်ခုခုကို အရမ်းဝမ်းနည်းနေသယောင် တစ်ယောက်တည်းထိုင်နေတာမျိုး၊ သင့်ဘက်က အရေးပေးမှု အချို့ကို မျှော်လင့်နေတာ။
 
၁၀။ တွေ့ရင်တော့ တခြားသူငယ်ချင်းတွေ နည်းတူ စကားပြောပြီး၊ အိမ်ပြန်ရောက်တာနဲ့ အွန်လိုင်းကနေ Chat တာမျိုး။ လူချင်းတွေ့ပြီး ပရောပရီ မလုပ်ရဲလို့ပါ။
 

05 May 2016     1,369 Views




RELATED

Most Popular of Special or Others

Most Popular of Life Style