BEC-TERO TV

တောမီးကြောင့် လူပေါင်း ၈သောင်းကျော်ကို ရွေ့ပြောင်းပေးရ.

05 May 2016     1,594 Views


►ကနေဒါနိုင်ငံ မက်ခ်မာရီ ခံတပ်မြို့အနီး အကြီးအကျယ်လောင်ကျွမ်းနေတဲ့ တောမီးဟာ မြို့နေရာ များကို ကူးစက်နေပြီဖြစ်တဲ့အတွက် အာဏာပိုင်တွေက မြို့ခံ ၈၈၀၀၀ ကျော်ကို မြို့မှ ထွက်ခွာခိုင်းနေပါပြီ။ ဒါဟာ ကနေဒါ သမိုင်းမှာ သဘာဝဘေးအန္တရာယ်ကြောင့် အကြီးမားဆုံး ရွေ့ပြောင်းမှု ဖြစ်ပါတယ်။

အခုဆိုရင် တောမီးဟာ အိမ်တွေ၊ ရဲစခန်းနဲ့ ဟိုတယ်နဲ့ တခြားသောအဆောက်အဦး ၁၆၀၀ ကို ဖျက်စီးခဲ့ပြီးဖြစ်သလို၊ မြို့ကို စွန်ခွာနေကြတဲ့ လူတွေ၊ ကားတွေကြောင့် လမ်းတွေပေါ်မှာ ပိတ်ဆို့မှုတွေ ဖြစ်နေပါတယ်။ ရွေ့ပြောင်းလာသူတွေကို မက်ခ်မာရီခံတပ်မြို့ မြောက်ပိုင်းမှာ နေရာချထားပေးထားပြီး၊ လက်ရှိအချိန် မှာ လောင်စာနဲ့ အစားအစာ ပြတ်လပ်မှုကို ရင်ဆိုင်နေတယ်လို့ သိရပါတယ်။

Credit ; IrrawaddyBurmese


05 May 2016     1,594 Views




RELATED

Most Popular of International News

Most Popular of NEWS