BEC-TERO TV

ဖိလစ်ပိုင်နိုင်ငံက လိင်ပြောင်းထားတဲ့ နိုင်ငံရေးသမား

06 May 2016     1,299 Views


ဖိလစ်ပိုင် နိုင်ငံ မှာ မေလအတွင်း ကျင်းပမယ့် သမ္မတ နေရာ ရွေးကောက်ပွဲတွေမှာ နံမည်ကြီး နေသူကတော့ ဘတန် ပြည်နယ် ရဲ့  လွှတ်တော်ကိုယ်စာလှယ်လောင်း ဂျယ်ဒင်း ရိုမန် အသက် (၄၉)နှစ်ဖြစ်ပါတယ်။

နိုင်ငံရေးလောကမှာ ကျော်ကြားတဲ့ ရိုမန် မိသားစုမျိုးရိုး ကိုဆက်ထိမ်းနိုင်ဘို့  သူမကြိုးစားနေရာမှာ နိုင်ငံရေးသမားဖြစ်သူ သူမအမေ Herminia Roman ဟာမန်နာ ရိုမန်ရဲ့  နိုင်ငံရေး အရိုက်အရာကို နေရာကို ဆက်ခံခဲ့သူပါ။

ဖိလစ်ပိုင်နိုင်ငံမှာ လိင်တူဆက်ဆံသူ (အမျိုးသား-အမျိုးသမီး)တွေရဲ့  အခွင့် အရေးတွေ လိင်တူချင်း လက်ထပ်ပိုင်ခွင့် တန်းတူရဘို့ နဲ့  နိမ်ချဆက်ဆံ တာမျိုးတွေ ကို ဆန့် ကျင်ပြီး တရားဝင် ကိုယ်ဝန်ဖျက်ချပိုင်ခွင့်ကို ပါ ရရှိလာအောင် လုပ်မယ်လို့  မဲဆွယ်ပွဲတွေမှာ ပြောကြားခဲ့ပါတယ်။

အမျိုးသမီးအဖြစ် လိင်ခွဲစိတ်ပြု ပြင် ထားခဲ့တာ နှစ်ပေါင်း(၂၀)ရှိနေပြီဖြစ်တဲ့ ရိုမန် ဟာ အမျိုးသားတဦးနဲ့  တရားဝင် လက်ထပ်ထားခဲ့တာ ၁၈ နှစ်၇ှိနေပြီဖြစ်ပါတယ်။

ခေတ်ပညာတတ်တဦး ဖြစ်ပြီး ဥရောပ ဘာသာစကား သုံးမျိုး တတ်ကျွမ်းသူပါ။


06 May 2016     1,299 Views




RELATED

Most Popular of International News

Most Popular of NEWS