BEC-TERO TV

ကိုယ်ဝန်ဆောင် စဉ် ကာလအတွင်း ရှောင်ရှားသင့်သော အစားအစာများ

06 May 2016     1,314 Views


ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးများတွက် အလွန်အမင်း အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ဇီဝဖြစ်စဉ် ဟန်ချက်ညီမျှမှု၊ ကိုယ်ကာယနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပြောင်းအလဲများ ဖြစ်ပေါ်တဲ့ နေရာဖြစ်ပါတယ်။ ကျွန်ုပ်တို့ စားသုံးတဲ့ အစားအစာတွေ အကောင်းဆုံး စောင့်ကြည့်သင့်တဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ အားအင်ရရှိဖို့ရန်အတွက် မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းသာ ဟုတ်ဘဲ ရင်သွေးအတွက်ပါ လိုအပ်တဲ့ အာဟာရတွေ ကျွေးမွေးပြုစုနေတာလည်း ဖြစ်ပါတယ်။ အနည်းအကျဉ်း မှားယွင်းမှုမျိုးမဆို သားအိမ်အတွင်းရှိ ကလေးကို ထိခိုက်စေနိုင်ပါတယ်။

ကလေးဟာ မိခင်ရဲ့ အာဟာရ ဖြည့်စွမ်းမှုအပေါ် လုံးဝမှီခိုနေတာပါ။ ဆိုလိုတဲ့သဘောက အဲဒီအာဟာရတွေ ကလေးကို အန္တရာယ်ဖြစ်စေနိုင်သလို အကျိုးလည်း ပြုနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဒါဟာ မိခင်ရဲ့ အစာစားသုံးမှုအလေ့အကျင့်နဲ့ အာဟာရစားသုံးမှုက အဓိက အဆုံးဖြတ်ပေးပါတယ်။

အမျိုးသမီးအများအပြားက ကိုယ်ဝန်ဆောင်ချိန်အတွင်း လုပ်နိုင်တဲ့ အရာ၊ လုပ်လို့မရတဲ့အရာတွေ မသိကြပါဘူး။ ကိုယ်ဝန်ဆောင်ချိန်နဲ့ အာဟာရဖြည့်စွက်ခြင်းနဲ့ ပတ်သက်ပြီး မိခင်တွေဆီက အများဆုံးမေးတဲ့ မေးခွန်းတွေထဲ တစ်ခုက "ကိုယ်ဝန်ဆောင်ချိန်အတွင်း ဘာတွေစားလို့မရဘူးလဲ" ဆိုတာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်သည်ဟုတ်ဟုတ်၊ မဟုတ်မဟုတ် ဒါဟာ လူတွေ သိဖို့လိုအပ်တဲ့ အရေးကြီး မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း ရှောင်ရှားရမယ့် အစားအစာတချို့တွေမှာတော့

·         အတိုင်းအချင့်နဲ့ စားသော ဖြည့်စွမ်းအစားအစာများ

·         မာကျူရီပေါကြွယ်ဝတဲ့ ငါးများ

·         ကဖိန်းနဲ့ အရက်သစာ တို့ပဲ ဖြစ်ပါတယ်။


06 May 2016     1,314 Views




RELATED

Most Popular of Special or Others

Most Popular of Life Style