BEC-TERO TV

iPhone ကြော်ငြာမှာ ဘာလို့ 9:41 အမြဲ ဖြစ်နေတာလဲ

06 May 2016     1,271 Views


Apple ရဲ့ iPhone တွေကို ကြော်ငြာတဲ့အခါ အချိန်တိုင်းက 9:41 ဖြစ်နေပါတယ်။ ယနေ့အထိ ယင်းနာရီ အချိန်ပဲ ဖြစ်ပြီး အမြဲတမ်းလည်း အဲ့ဒီ အချိန်ကိုပဲ ထားထားမှာ ဖြစ်ပါတယ်။ အကြောင်းက ဒီလိုပါ။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က 2007 Macworld Conference & Expo ကို တက်ရောက်ပါတယ်။ မိနစ် ၃၀ ကျော်ကြာ စကားပြောပြီးတော့ ပထမဆုံး iPhone ကို ထုတ်ပြခဲ့ပါတယ်။

ယင်းဖုန်းကို ထုတ်ပြတဲ့အချိန်ဟာ 9:41 am မနက်ပိုင်းအချိန် ဖြစ်ပါတယ်။ ယင်းအချိန်ကို အစွဲပြုပြီးတော့ နောက်နှစ်တိုင်း iPhone ထုတ်တဲ့အခါတွေမှာလည်း ယင်း အချိန် ကိုသာ set လုပ်ပြီးတော့ ထုတ်ပါတော့တယ်။ ဒါကြောင့်မို့ www.apple.com ကိုပဲ သွားကြည့်ကြည့် Apple ရဲ့ ဘယ် iPhone ကြော်ငြာကိုပဲ ကြည့်ကြည့် 9:41 ကိုသာ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

Credit ; Yoyarlay


06 May 2016     1,271 Views




RELATED

Most Popular of Special or Others

Most Popular of NEWS