BEC-TERO TV

ကစားသမားတစ်ဦး ကို မာစီးဒီး တစ်စီးစီဆု ချီးမြှင့်တဲ့ လက်စတာစီးတီး

06 May 2016     2,213 Views


 လက်စတာစီးတီးအ သင်း ယခုနှစ်ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ခြင်းကြောင့် အ သင်းပိုင်ရှင် ထိုင်းလူမျိုးသူဌေးကြီး ၀ီချိုင်ဆိရိဗက်ဟန်နာပရာဘာ က ဘောလုံးသမား ၃၀ ဦးအား မာ စီးဒီးကားတစ်စီးစီဆုချီးမြှင့်မည်ဖြစ်သည်။

တန်ဖိုး စတာလင်ပေါင် ၃၂,၆၇၀တန်ကြေးရှိ မာစီးဒီး B.class လျှပ်စစ်ကားတစ်စီးကို လက်စတာ ဘောလုံးသမားများ အား  ဆုချီးမြှင့်မည်ဖြစ်၍ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၀ီချိုင်အနေဖြင့် ပေါင်တစ်သန်းခန့်ကုန်ကျ မည်ဖြစ်သည်။

ဘီလျံနာသူဌေးကြီး ၀ီချိုင် က နည်းပြ ရာနီရေရီ၏ လက် စတာအသင်းသားများကို အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့သို့ ကုန်ကျစရိတ် အားလုံးတာဝန်ယူ ၍ ပို့ဆောင်ပေးမည်ဟု ကတိ ပြုထားသည်။

လက်စတာအသင်းသည် ပရီးမီးယားလိဂ်ဆုကြေးငွေ ပေါင် ၆ ဒသမ ၅ သန်းရရှိမည်ဖြစ်သည်။ ထို့အပြင် အပိုဝင်ငွေသန်းပေါင်း များစွာ ရရှိရန် သေချာသွားပြီ ဖြစ်သည်။

လာမည့်ရာသီတွင် ချန်ပီယံ လိဂ်၌ ပါဝင်ကစားချိန်တွင် လက်စတာအသင်းအနေဖြင့် ၀င်ငွေ ပိုကောင်းလာမည်ဖြစ်၍ သူဌေး ကြီး ၀ီချိုင်က ကစားသမားများ အား အကျိုးအမြတ်ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်စတာသည်  အိမ်ကွင်း တွင် ယှဉ်ပြိုင်ခဲ့သည့် ပွဲများ၌ လာရောက်အားပေးသော ပရိသတ်များအား ဘီယာအခမဲ့တိုက်သဖြင့် လူသိများထင်ရှားလာ သော အသင်းဖြစ်သည်။

 


06 May 2016     2,213 Views




RELATED

Most Popular of International News

Most Popular of Sport