BEC-TERO TV

ကိုယ်လုံးတီးချွတ်ပြီးဝင်ရောက်ရမယ့် ကမ္ဘာ့ပထမဆုံးအပန်းဖြေဥယျာဉ်

06 May 2016     1,421 Views


Erotikaland လို့အမည်ရတဲ့အပန်းဖြေ ဥယျာဉ်တစ်ခုကို ဘရာဇီးနိုင်ငံမှာဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ထိုအပန်းဖြေဥယျာဉ်ထဲမှာတော့ Sexနဲ့ပက်သက်တဲ့အ၇ာတွေနဲ့ချည်း ဆင်ယင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဥယျာဉ်ထဲမှာချစ်တင်းနှောခြင်းကိုတော့ တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။

ဒီဥယျာဉ်ကြီးကို၂၀၁၈မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးအထဲမှာSexနဲ့ပက်သက်တဲ့သမိုင်းကြောင်းတွေကိုပြသဖို့ ပြတိုက်တစ်ခုလည်းထားရှိမှာဖြစ်ပါတယ်။အထဲမှာလိင်ပညာပေးလုပ်ငန်းတွေလည်းလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒီဥယျာဉ်ကြီးထဲမှာတားမြစ်ထားတာ တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ လိင်ဆက်ဆံခြင်းပါ။ တင်းတင်းကြပ်ကြပ်တားမြစ်ထားပြီးတွေ့ရှိပါက ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်ပါတယ်။

ဒီဥယျာဉ်ကြိးထဲမှာ 7Dရုပ်ရှင်ရုံကြီးရှိမည်ဖြစ်ပြီး ထိုင်ရမယ့်ခုံတွေက vibrateဖြစ်နေမှာဖြစ်ပါတယ်။ မိုးပျံရထားရှိမှာဖြစ်ပြီး ဘယ်သူမှ အဝတ်အစားမဝတ်ရပါဘူး။ ဒီဥယျာဉ်ကြီးကိုသဘောမကျတဲ့ ဒေသခံအများအပြားလည်းရှိနေပါတယ်။ ဒါပေမယ့် ဒီဥယျာဉ်ကြီးကိုတည်ထောင်သူတွေကတော့ ဒေသခံတွေကို အလုပ်အကိုင်ပေါင်း ၂၅၀လောက် ဖန်တီးပေးနိုင်ပြီး လိင်ပညာပေးလုပ်ငန်းတွေလည်း အများကြီးလုပ်နိုင်မယ်လို့ဆိုပါတယ်။

 

ဒါ့အပြင် ဥယျာဉ်ထဲကိုဝင်ရောက်ခ $ 100ကလည်း ခရီးသွားလုပ်ငန်းကို တိုးတက်စေပြီး နိုင်ငံကိုအကျိုးပြုမယ်လို့ဆိုပါတယ်။ဒီအပန်းဖြေဥယျာဉ်ကြီးဟာ Sao Pauloမြို့မှ ၂နာရီအကြာကားမောင်းသွားရတဲ့ Piracicaba အနားမှာတည်ရှိပါတယ်။ အစကတည်းက Carnival ပွဲတော်တွေမှာ အကမယ်တွေဟာ မလုံမခြုံဝတ်လို့ ပြည်သူတွေကြားမှာ သဘော ထားကွဲလွဲမှုတွေရှိနေရထဲအထဲဒီပန်းခြံကိစ္စကထပ်ပေါ်လာတဲ့အတွက် ပြည်သူအချို့ကတော့ တော်တော်ကိုဒေါသထွက်နေကြပါတယ်။Credit: shweMom


06 May 2016     1,421 Views




RELATED

Most Popular of Special or Others

Most Popular of NEWS