မိန်းမနဲ့အပြိုင် ဗိုက်ပူနေတဲ့ Maroon 5 အဆိုတော်
06 May 2016 2,091 Views

ဇနီးသည် Behati မှာ သားဦးကိုယ်ဝန်လွယ်ထားရချိန်ကစလို့ Adam Levine တစ်ယောက် အပျော်ကြီးပျော်နေခဲ့ပါတယ်။ အသက် ၁၀ နှစ်ကျော် ပိုငယ်တဲ့ Adam နဲ့ဇနီး Victoria's Secret မော်ဒယ်လေးရဲ့ ကိုယ်ဝန်ဆောင်ဗိုက်ကလေး အတော်လေးကို သိသာလာပါပြီ။
ဗိုက်ကလေးပူနေတဲ့ Behati နဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကို Adam ရဲ့ အင်စတာဂရမ်မှာ တင်ထားပုံက ရယ်စရာပါ။ သူ့ရဲ့ပူနေတဲ့ဗိုက်ကို Behati ရဲ့ကိုယ်ဝန်ဗိုက်နဲ့ထိထားပြီး မှန်ရှေ့မှာ ဆယ်ဖီဆွဲလို့ " သီတင်းပတ် ၂၀ ရှိပြီ။ ကျွန်တော့်မှာလည်း ကိုယ်ဝန်ရှိတယ်" လို့ ဟာသလေးနှောထားပါသေးတယ်။ Credit:duwun
.jpg)






