BEC-TERO TV

ဘုရားသုံးဆူတွင် ယောင်္ကျားဖြစ်သူမှ မိန်းမဖြစ်သူအား ဓါးကတ်ကြေး တို့ဖြင့် ထိုးသတ်မှု့ဖြစ်ပွား

07 May 2016     1,676 Views


ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ တွင် မေလ(၅)ရက်နေ့ ည ၉နာရီခန့် က လင်မယား စကားများရာကနေ ယောင်္ကျားဖြစ်သူမှ မိန်းမဖြစ်သူအား ဓါးကတ်ကြေး တို့ဖြင့် ထိုးသတ်မှု့ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါတယ်။ မေလ(၅)ရက်နေ့ ည ၉နာရီခန့် က ဘုရားသုံးဆူ ကယ်ဆယ်ရေးအဖွဲ့ ထံ အရေးပေါ်ဖုန်းဝင်လာပြီး ဘုရားသုံးဆူမြို့ ချက်ပွိုင့်ပန်းတန်း အနောက်လမ်းဘေးတွင် လူတစ်ယောက် ဓါးဒဏ်ရာဖြင့် လဲနေကြောင်း အကြောင်းကြားလာသဖြင့် ကယ်ဆယ်ရေးအဖွဲ့သားများ အခင်းဖြစ်ရာနေရာသို့ ရောက်သွားချိန်တွင် တာဝန်ရှိ နယ်ထိန်းအရာရှိ ရဲတစ်ဦးမှ လူနာသေဆုံးသွားပြီဟုပြောပါတယ်။

စစ်ဆေးမှုများ ပြုလုပ်ရာ သေဆုံးသူမှာ မသဇင် အသက် ၃၄ နှစ်ဖြစ်၍ လင်မယားစကားများရန်ဖြစ်ပြီး ယောကျာင်္းလုပ်သူမှ ချွန်ထက်သောအရာဖြင့် ဓားဒဏ်ရာ ၅ချက်တိတိ ထိုးသတ်သွားကြောင်း တရားခံမှာထွက်ပြေး တိမ်းရှောင်သွားသဖြင့် နယ်ထိန်းရဲများက လိုက်လံဖမ်းဆီးနေပြီး ဆေးရုံသို့ပို့ပေးရန် အကူအညီတောင်းသဖြင့် ကယ်ဆယ်ရေးအဖွဲ့မှ ဆေးရုံသို့ ပို့ဆောင်ကာ အသေတိုက်သို့ ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း ဘုရားသုံးဆူ ကယ်ဆယ်ရေး အဖွဲ့ သားများက ပြောပါတယ်။

Credit ; thithtoolwin.com


07 May 2016     1,676 Views




RELATED

Most Popular of Special or Others

Most Popular of NEWS