ကလေးနို့တိုက်ရင်း ဆန္ဒပြခဲ့တဲ့ ဟောင်ကောင် က ကလေးမိခင်များ
09 May 2016 1,780 Views

ဟောင်ကောင်က ကလေးမိခင် တစ်ရာကျော်ဟာ ဟောင်ကောင် MTR ရထားဘူတာမှာ နို့တိုက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒဖော်ထုတ်ရခြင်း အကြောင်းရင်းကတော့ လူမြင်ကွင်းမှာ ကလေးနို့တိုက်ခြင်းအပေါ် ဝေဖန်သူတွေကို ရှုတ်ချတဲ့အနေနဲ့ ဆန္ဒပြကြတယ်လို့ ဆိုပါတယ်။
ဟောင်ကောင်မှာ ကလေးမိခင်တွေဟာ လူမြင်ကွင်းမှာ ကလေးနို့တိုက်ရင် ကဲ့ရဲ့ခံကြရပါတယ်။
အချို့က မိခင်တွေကို အိမ်သာထဲသွားပြီး ကလေးနို့တိုက်ဖို့တောင် ဖိအားပေးခဲ့ကြတာပါ။
Mamamilk Baby Alliance အမည်ရှိ တက်ကြွလှုပ်ရှားသူများအဖွဲ့ကာ ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ပါဝင်လှုပ်ရှားသူတွေက ကလေးငယ်ကို စောင်တစ်ခုအောက်မှာထားကာ မိခင်နို့တိုက်ကြွေးခဲ့ကြပါတယ်။






