BEC-TERO TV

ကလေးလို့ ထင်ပြီး ပွေ့ချီမိသူက အိမ်ထောင်ရှင် အမျိုးသားဖြစ်နေ၍ အမျိုးသမီးလွှတ်တော်အမတ် အရှက်ရခဲ့

09 May 2016     1,322 Views


စင်ပေါ်ကို ပန်းစည်းလာပေးသူကို ကလေးငယ်ထင်ပြီး ပွေ့ချီနှုတ်ဆက်၊ Selfie ရိုက်ခဲ့ရာမှာ အဲဒီသူက အသက်(၄၆)နှစ်အရွယ်ရှိတဲ့ အိမ်ထောင်ရှင် အမျိုးသားဖြစ်နေလို့ ဗြိတိန်နိုင်ငံက အမျိုးသမီးလွှတ်တော်အမတ်အတွက် အရှက်ရစရာဖြစ်ခဲ့ပါတယ်။

အမျိုးသမီး အတွင်းခံအ၀တ်အထည်တွေ ထုတ်လုပ်တဲ့ Ultimo ကုမ္ပဏီကို ထည်ထောင်ခဲ့သူ Michelle mone ဟာ ဗီယက်နမ် နိုင်ငံမှာ ကျင်းပတဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ အစည်းအဝေးမှာ စကားပြောနေတုန်း ကလေးငယ်လို့ ထင်မှတ်ရသူ တစ်ယောက်က သူ့ကို ပန်းစည်းလာပေးခဲ့ပါတယ်။

Michelle mone က အဲဒီကလေးငယ်ကို ပွေ့ချီပြီး Selfie ရိုက်ကူးနေတုန်း စင်ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်က ''သူ့ကို အောက်ပြန်ချလိုက်ပါ။ ကျွန်မက သူ့မိန်းမပါ''ဆိုတဲ့ အော်သံထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ မီချယ်မုန်းက ''ပွေ့ချီခံရချိန်မှာ သူက အေးအေးဆေးဆေးပါပဲ။ ဒါပေမဲ့ တစ်ခန်းလုံး ရယ်သံတွေ ဆူညံနေခဲ့တယ်။သူ့သွားက နီကိုတင်းဓာတ်ကြောင့် အ၀ါရောင် တောက်နေတာတွေ့လိုက်ပြီးတဲ့နောက် တစ်ခုခုတော့ မှားနေပြီလို့ ကျွန်မ ထင်ခဲ့မိပါတယ်''လို့ ပြောပါတယ်။ Credit: yoyarlay


09 May 2016     1,322 Views




RELATED

Most Popular of International News

Most Popular of NEWS