BEC-TERO TV

အသက်၇၂နှစ်အရွယ်မှကလေးမွေးခဲ့တဲ့ အမျိုးသမီး

13 May 2016     1,305 Views


အိန္ဒိယနိုင်ငံ amristerမှာနေထိုင်တဲ့ အသက်၇၂နှစ်အရွယ် Daljinder Kaurဟာ၂၀၁၆ April ၁၉ရက်နေ့က ကလေးတစ်ယေက်ာကို ကျန်းကျန်းမာမာမွေးဖွားပေးနိုင်ခဲ့ပါတယ်။ သူမနဲ့ သူမရဲ့အသက်၇၉ နှစ်အရွယ်ခင်ပွန်းသည်တို့ဟာ အိမ်ထောင်သက်၄၇နှစ်ရှိပြီဖြစ်ပေမယ့် အခုမှကလေးရခဲ့တာလည်းဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူက “ကျွန်တော် ကလေးတစ်ယောက် ရဖို့ မကူညီနိုင်ခဲ့လို့အမြဲ ဝမ်းနည်းခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မကြာခင်က ကလေးရဖို့ အခြားနည်းလမ်းတစ်ခုသုံးဖို့အကြံရခဲ့ပါတယ်။”လို့ဆိုခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က သူတို့ဇနီး မောင်နှံဟာ သူတို့ရဲ့နေရပ်ကနေ Haryanaမှာရှိတဲ့ National Fertility and Test Tube Baby CentreကိုသွားပြီးIVF ကုသမှုကိုခံယူခဲ့တာဖြစ်ပါတယ်။ အခုတော့ ကလေးမွေးနိုင်ခဲ့ပြီး မိခင်ဖြစ်သူကလည်း အရမ်းကိုပျော်မြူးနေပါတယ်။ကလေးဖြစ်သူကို Arman Singhလို့နာမည်ပေးမယ်လို့လည်း သိရပါတယ်။ “ကျွန်မတို့အတွက် ဒီကလေးက အရမ်းကို အရေးပါခဲ့ပါတယ်။ ကျွန်မအခုပျော်နိုင်ပါပြီ။ ကျွန်မဘဝက ပြည့်စုံသွားပါပြီ။သားဖွားဆရာဝန်ဖြစ်သူ Anurag Bishnoiက “အစက ဒီခွဲစိတ်မှုကို လက်မခံချင်ခဲ့ပါဘူး။ သူမက အသက်ကြီးနေတာ ကြောင့် အားနည်းနေပြီလေ။ ဒါပမေယ့် ဆေးမှတ်တမ်းတွေကတော့ သူမဟာ ကျန်းမာကြောင်းပြနေလို့ ကူညီခွဲစိတ်ပေးခဲ့တာပါ”လို့ဆိုခဲ့ပါတယ်။

ဒီတစ်ကြိမ်ဟာ IVFကုသမှုကြောင့် အသက်၇၀ကျော်အမျိုးသမီးတစ်ယောက် ကလေးရတာ ဒုတိယအကြိမ်လည်းဖြစ်ပါတယ်။ ၂၀၀၆တုန်းက အသက်၇၀အရွယ် Rajo Deviဆိုသူအမျိုးသမီးလည်း ဒီကုသမှုကြောင့် ကလေးရခဲ့ဖူးပါတယ်။ Credit :Shwemom


13 May 2016     1,305 Views




RELATED

Most Popular of International News

Most Popular of NEWS