BEC-TERO TV

အိုင်ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး ပြိုင်တဲ့ပွဲမှာ အရွေးချယ်ခံရတဲ့ ကိုအောင်ပြည့်စိုး

17 May 2016     1,589 Views


ကိုအောင်ပြည့်စိုးဟာ ၂၀၁၅ ခုနှစ် အတွက် အကောင်းဆုံး အိုင်ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး ယှဉ်ပြိုင်တဲ့ ပွဲမှာ အရွေးချယ် ခံခဲ့ရပါတယ်။ သူဟာ အင်းလေးကန်၏ သဘာဝ အလှကို ဓာတ်ပုံရိုက်ပြီးယဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ပုံကို အိုင်ဖုန်း ကုမ္ပဏီမှ ရွေးချယ်ခဲ့တာ ဖြစ်ပြီး ရွှေတစ်ကျပ်သား ကိုလည်း အိုင်ဖုန်းမှ ချီးမြှင့်ခဲ့တယ်လို့ ရိုးရာလေးကို ပြောပါတယ်။

အဲဒီ အင်းလေးကန်ရဲ့ ပုံကို သူရိုက်ဖြစ်ခဲ့တဲ့ အကြောင်းကတော့ သူဟာ အင်းလေးကန်သို့ အလည်သွားစဉ် မနက်စောစော မြင်တွေ့ခဲ့တဲ့ မြင်ကွင်း တစ်ခုကို အမိအရ ဖန်ယူပြီး အိုင်ဖုန်းနဲ့ ရိုက်ခဲ့တာပါ။ထိုပုံကတော့ လှေသမား နှစ်ယောက် မီးအိမ်ကို ကိုင်နေတဲ့ ပုံဖြစ်ပါတယ်။ ဒါ့အပြင် ထိုပုံကို အိုင်ဖုန်းမှ ရွေးချယ်ခဲ့ပြီးနောက် နိုင်ငံတကာရှိ အိုင်ဖုန်းကြော်ငြာ များရဲ့ ဆိုင်းဘုတ်တွေမှာ ချိတ်ထားခဲ့ပါတယ်။

ဒါ့အပြင် သူဟာ တိုင်းမ်မဂ္ဂဇင်း၏ မျက်နှာဖုံးမှာလည်း အိုင်ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့ ပုံကို ဖော်ပြခံခဲ့ရပါတယ်။ အဲဒီပုံကတော့ ကိုရင်လေး နှစ်ပါးပုံ ဖြစ်ပါတယ်။ အခြားသော ဓာတ်ပုံပြိုင်ပွဲများစွာမှာလည်း သူ့ပုံတွေဟာ ဆုများစွာ ရရှိခဲ့ပါတယ်။

Credit : Yoyarlay


17 May 2016     1,589 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS