ချစ်သူကိုသတ်ပြီး ပစ္စည်းတွေယူပြေးသူကို သေဒဏ်ချမှတ်
17 May 2016 1,403 Views

ချစ်သူကိုသတ်ပြီး ငွေနဲ့ပစ္စည်းတွေကိုယူကာ ထွက်ပြေးတိမ်းရှောင်သွားတဲ့လူကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက မေလ ၁၆ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။ ၂၀၁၄ ခုနှစ် ဇွန်လ ဒုတိယပတ်က မင်္ဂလာဒုံပန်းခြံအတွင်းမှာ ပုပ်ပွနေတဲ့ အမျိုးသမီးအလောင်းတစ်ခုကို တွေ့ရှိပြီးနောက် သူမ အသုံးပြုခဲ့တဲ့ဖုန်းကတစ်ဆင့် တရားခံကို ခြေရာခံဖမ်းမိနိုင်ခဲ့တာပါ။
အသက်ခံရသူမှာ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမရဲ့ချစ်သူ ဇာနည်(ခ) ဇာနည်အောင်က သူမကို သတ်ဖြတ်ကာ ငွေနဲ့ လက်ဝတ်လက်စားတွေယူဆောင်သွားခဲ့တာဖြစ်ပါတယ်။ ချစ်သူချင်း စကားများရာကနေ သေဆုံးသူအမျိုးသမီးက ပါးရိုက်တာ၊ လက်သည်းနဲ့ကုတ်ခြစ်တာတွေလုပ်လို့ လက်ပြန်ရိုက်မိရာက လဲကျပြီး ပန်းခုံအုတ်ခုံနဲ့ ဆောင့်မိကာလို့ သက်သေတွေက ထွက်ဆိုခဲ့ပေမယ့် မှုခင်းဆရာဝန်ရဲ့စစ်ဆေးချက်အရ သေဆုံးသူဟာ နောက်စေ့နဲ့ဦးခွံရိုးကျိုးတဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့ရတယ်လို့ ပေါ်ပေါက်ခဲ့ရပါတယ်။
တရားခံ ဇာနည်(ခ) ဇာနည်အောင်ကို ပြစ်မှုပုဒ်မ ၃၀၂ (၁) (ဂ) နဲ့ သေဒဏ်ချမှတ်ခဲ့သလို တရားခံပြစ်မှုကျူးလွန်ကြောင်း သိလျက်နဲ့ သတင်းမပေးဘဲထိန်ချန်ထားခဲ့တဲ့ တရားခံရဲ့သူငယ်ချင်း အောင်မိုးဇော်(ခ) ဖိုးခွားကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၀၂ အရ အလုပ်နဲ့ထောင်ဒဏ် ခြောက်လကျခံဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
Credit : duwun.com.mm/