BEC-TERO TV

ပိုက်ဆံအတင်းလိုက်တောင်းတဲ့ ထိုင်းနိုင်ငံက ဝူခုန်း

17 May 2016     1,470 Views


ကမ္ဘာလှည့် ခရီးသည်တွေ အများအပြား လာရောက်နေကြတဲ့ ထိုင်းနိုင်ငံ ဖတ္တရား မြို့  ပင်လယ်ကမ်းနား က စက်လှေသင်္ဘောဆိပ် အဆင်း လမ်းမဘေးနေရာမှာ တရုတ်ရိုးရာ ဆိုင်းတီးကာ မျောက်မင်း ၀ူးခုန်းဇတ်ကနေကြတဲ့ ဇတ်အဖွဲ့ ကို စိတ်ဝင်တစားကြည့်နေမိတဲ့သူတွေဟာ အဖွဲ့ သားတွေက ပိုက်ဆံအတင်းအကြပ် ထည့်ခိုင်းနေတာ ခံနေရတာကြောင့် ထိုင်းရဲတွေက ဒီနေ့  မှာ မျောက်မင်းအဖွဲ့ ကို လိုက်ဖမ်းဆီးခဲ့ပါတယ်။
 
သူတို့ တွေ ကနေတာကို စိတ်ဝင်တစား ရပ်ကြည့်မိသူတွေ အနေနဲ့  မကြာခင် ဒုတ်ကိုင်ထားတဲ့ မျောင်မင်းကတဦးချင်းစီကိုလက်ဖြန့် ပြီး ငွေတောင်းပါတယ် ၊ ဘတ်ငွေ ၁၀၀( ကျပ်၃၀၀၀)မပေး မချင်း မျောက်မင်းက ရိုက်မယ် ပုတ်မယ် တကဲကဲနဲ့  နောက်သလို အတည်လိုလို ကနေတာပါ။
 
အာနာတတ်တဲ့သူတွေပေးသွားကြပါတယ်၊ မပေးတဲ့သူဆိုရင် ၀ူးခုန်အဖွဲ့ က နောက်နေ ဆိုင်းတွေတီးပြီး အတင်းလိုက်တောင်းနေတာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေ စိတ်မသက်မသာ ဖြစ်ရပါတယ်။
 
မျောက်မင်းအဖွဲ့ ဝင် ၅ဦးဟာ ရဲတွေဝိုင်းတာနဲ့  လန့် ဖြန့် ပြီး ပြေးသွားခဲ့လို့  ၀ူးခုန်းနဲ့  ဆိုင်းတီးသူ နှစ်ကိုသာ လက်ရဖမ်းမိခဲ့ပါတယ်၊ နှစ်ဦးစလုံး တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။

17 May 2016     1,470 Views




RELATED

Most Popular of International News

Most Popular of NEWS