ကိန်းရုပ်ရှင်ပွဲတော်မှာ ဂါဝန်မနိုင်ဖြစ်ခဲ့ရတဲ့ George Clooney ရဲ့Amal Clooney
17 May 2016 1,676 Views

ကိန်းရုပ်ရှင်ပွဲတော်မှာ George Clooney ရဲ့ဇနီး Amal Clooneyဟာ ဂါဝန်ကို ထိန်းမနိုင်ဖြစ်ခဲ့ရပေမဲ့ သူတို့စုံတွဲဟာ ကျက်သရေရှိလှစွာနဲ့ အားလုံးရဲ့ အကြည့်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။မေလ ၁၂ ရက်ညနေမှာ ပြသတဲ့ Money Monster အထူးပွဲကို လာရောက်ကြတဲ့ ဟောလိဝုဒ်မင်းသားကြီး George ဟာ အနက်ရောင် ဝတ်စုံနဲ့ ခန့်ညားလှပနေပြီး သူ့ရဲ့ချစ်ဇနီး လူ့အခွင့်အရေး ရှေ့နေမလေးကတော့ သွယ်လျတဲ့ ပေါင်တံအလှလေးကို လှစ်ဟထားတဲ့ အဝါရောင်ဂါဝန်ရှည်ကြီးနဲ့ ကျက်သရေရှိလှပါတယ်။
ဒါပေမဲ့လည်း George ရဲ့ ဇနီးချောလေးခမျာ ရှည်လျားလှတဲ့ ဂါဝန်ကြီးနဲ့ လမ်းလျှောက်ရတာ ခက်ခဲနေခဲ့ပါတယ်။ဂျော့ဂ်ျကတော့ ပြုံးရယ်ရင်း လှေခါးအတက်မှာ ဇနီးသည်ကို ဖေးမလို့ ရိုမန်တစ်အဖြစ်ဆုံး မြင်ကွင်းလေးကို ဖန်တီးနိုင်ခဲ့သူပါ။
Credit: Duwun








