BEC-TERO TV

နာမည်ကြီးသရုပ်ဆောင်များနှင့်တူသော အရုပ်များ

17 May 2016     1,503 Views


နာမည်ကြီး သရုပ်ဆောင်များနဲ့ ထပ်တူနီးပါး တူတဲ့ အရုပ်မ အရုပ်ထီးများကို Cyrus လို့အမည်ရတဲ့ အမျိုးသားက ပြုလုပ်ပါတယ်။ ပြုလုပ်ပြီးတော့ Instagram ပေါ်မှာ ဓာတ်ပုံတင်ရာ လူကြိုက်များပါတယ်။ လူတွေဟာ ဝယ်ချင်တယ် ပြောတာကြောင့် eBay ပေါ်မှာ စ တင်ရောင်းပါတယ်။ eBay ပေါ်မှာ လေလံ စနစ်နဲ့ ရောင်းချရာ အရုပ်တစ်ခုကို ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀ ကနေ ဈေးအကြီးဆုံး ၁၅၀၀ အထိ ရှိပါတယ်။

ဝယ်ယူတဲ့ သူများက လေလံဆွဲကြခြင်းပါ။ ပြီးတော့ သူ့ဆီကနေ အော်ဒါ မှာယူသူများ များပြားလာပါတယ်။ သူ့အနေနဲ့ စက်ရုပ်ကနေ အော်ဒါမှာတဲ့ အရုပ်များဟာ ပုံမှန် မြင်နေကျ၊ ဘိုမ၊ ဘိုထီး ရုပ်များ ဖြစ်ပြီး ယင်း အရုပ်များကို လက်ရှိ celebrity ရုပ်ထွက်များ ဖြစ်အောင် အပူပေးပြီး ပျော့အောင်ပြန်လုပ်ခြင်း၊ ပြန်လည်ထွင်းထုခြင်းတို့ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။

သာမန်ဘေးလူ တစ်ယောက်အနေနဲ့ Cyrus လုပ်တာကို အလုပ်မရှိ ကြောင်မွေးသန်းရှာတယ်လို့ ထင်ခဲ့ကြပေမယ့် ယခုတော့ အဲ့ ဒီပညာရပ်ကို သူ့ကို ချမ်းသာသွားစေပါတယ်။ အရုပ်မှာယူသူပေါင်း မြောက်များစွာ ရှိလာပြီး လုပ်နိုင်စွမ်းနဲ့တောင် မကိုက်သေးတာကြောင့် အချို့အော်ဒါများကိုတောင် ရွေ့ဆိုင်းထားရပါတယ်။

 


17 May 2016     1,503 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment