ကျန်းမာရေးဝန်ကြီးဌာန မှ ပြည်သူများ မသောက်သုံးသင့်သော ရေသန့် တံဆိပ် (၁၅) မျိုးကို ထုတ်ပြန်
18 May 2016 1,509 Views

အများပြည်သူ သောက် သုံရန်မသင့်သည့် ရေသန့် ၁၅ မျိုး ကို ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အစားအသောက် (သောက်ရေ သန့်) ကို ထုတ်လုပ်ခွင့်ထောက်ခံချက် မရှိဘဲ ထပ်မံထုတ်လုပ်ရောင်း ချပါကအမျိုးသားအစားအ သောက်ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သောက်သုံးရန်မသင့်သော ရေသန့် အမှတ်တံဆိပ်များမှာ Smark, KK, United Family, Moon Face, ZURE, Rain Cloud, Than Lwin, Prince, Mandalay, Fresh PH 7, R Plus, Pure 7, အေးချမ်းသာ၊ ကြည်ရတနာနှင့် တိမ်စင်ကြယ် ရေသန့်များဖြစ်ပြီး အရည်အသွေး စိစစ်ထောက်ခံထားသည့် ရေသန့် များမဟုတ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
‘‘အခု ထုတ်ပြန်ကြေညာ လိုက်တဲ့ ရေသန့် ၁၅ မျိုးထုတ်တဲ့ နေရာတွေအများစုက မန္တလေးက ဖြစ်တယ်။ စစ်ကိုင်းမှာထုတ်တဲ့ရေ သန့်တစ်မျိုးပါတယ်။ ရန်ကုန်က ထုတ်လုပ်တဲ့ ရေသန့်နှစ်မျိုး ပါ တယ်။
ထုတ်လုပ်တဲ့နေရာတွေကို လည်း နိုင်ငံပိုင်သတင်းစာတွေက နေ ကြေညာပေးထားပါတယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ မြန်မာတစ်နိုင်ငံလုံးတွင် အ စားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်အတွက် စိစစ် ထောက်ခံထားသော သက်တမ်း ရှိသောက်ရေသန့် လုပ်ငန်းပေါင်း ၃၄၄ ခုရှိကာ ပိုးတွေ့ရှိသဖြင့်လုပ်ငန်းပေါင်း ၄၀ ကျော်ကို ရေသန့်ထုတ်လုပ်ခွင့်မပြုကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (အစားအသောက်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
‘‘မြို့နယ်တချို့မှာလည်း ရေ သန့်စက်ရုံတွေလိုက်စစ်ရင် လုပ် ငန်းလိုင်စင်လျှောက် FDA သတ် မှတ်ချက်အတိုင်း ထုတ်လုပ်နေတဲ့ ရေသန့်စက်ရုံတွေ ရှိပါတယ်။ တချို့ကလည်း အိမ်သေးသေး လေးမှာ ရေစက်လေးတစ်လုံးတပ် ပြီး ရေစစ်နဲ့ရောင်းနေတဲ့ရေသန့် တွေလည်းရှိတယ်။
ဒီလိုလုပ် ရောင်းနေတဲ့ ရေသန့်တွေကို ပိတ် သိမ်းတာတွေလည်းရှိတယ်’’ ဟု အဆိုပါတာဝန်ရှိသူက ပြောကြားသည်။ ရန်ကုန်တိုင်းအတွင်း မှတ်ပုံ တင်ထားခြင်း မရှိသည့် စံချိန်စံ ညွှန်းမမီသည့် သောက်ရေသန့် လုပ်ငန်း ၁၃ ခုကို ယခုနှစ်အတွင်း ပိတ်သိမ်းထားကြောင်း သိရသည်။