BEC-TERO TV

Facebook မှာ ဇနီး သားဖွားတာကို တိုက်ရိုက် Video လွှင့်တင်တဲ့ အမျိုးသား ( Video )

18 May 2016     1,395 Views


မေလ ၁၆ ရက်နေ့က Fakamalo Kihe Eiki အမည်ရှိ ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးရဲ့ အကောင့်မှာ တိုက်ရိုက်လွှင့်တဲ့ ဗီဒီယိုတစ်ခု တက်လာပါတယ်။ သူ့ရဲ့ဇနီးသည် မီးဖွားနေတာကို သူက ဗီဒီယိုရိုက်ပြီး တိုက်ရိုက်လွှင့်ပေးခဲ့တာပါ။ 

သူ့ရဲ့ဇနီးသည်ဟာ ဆေးရုံက ကုတင်တစ်ခုပေါ်မှာ လှဲနေပြီး ဆေးရုံကသူနာပြုအချို့ကိုလည်း တွေ့ရပါတယ်။ သူနာပြုတွေနဲ့ အကူအညီနဲ့ ကလေးကို သဘာဝအတိုင်း မွေးဖွားနေပုံကို Eiki က ဗီဒီယိုရိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ သူ့ရဲ့ဇနီးဟာ ၁၀ စက္ကန့်လျှင် တစ်ကြိမ်နှုန်းလောက် ကလေးကိုညှစ်ထုတ်တာ တွေ့ရပါတယ်။ ၄၅ မိနစ်ခန့်အကြာမှာတော့ ကလေးကို အောင်အောင်မြင်မြင် မီးဖွားနိုင်ခဲ့ပါတယ်။

 

Credit to Duwun


18 May 2016     1,395 Views




RELATED

Most Popular of International News

Most Popular of NEWS