BEC-TERO TV

ဗိုလ်ခြေထောင်ချီအထက်က အမေရိကန်အမျိုးသမီး လေတပ် ဗိုလ်ချုပ်လော်ရီရော်ဘင်ဆင်ကို

18 May 2016     1,538 Views


အမေရိကန်အမျိုးသမီး လေတပ် ဗိုလ်ချုပ်လော်ရီရော်ဘင်ဆင်ကို အမေရိကန်ပြည်ထောင်စု၏ မြောက်ပိုင်းစစ်မျက်နှာစာကို တာ ၀န်ယူကြီးကြပ်ရမည့် တပ်မှူးကြီး အဖြစ် မေလ ၁၃ ရက်မှာ အမေရိ ကန်လွှတ်တော်က အတည်ပြုခန့် အပ်လိုက်သည်။ အမေရိကန်သမ္မတအိုဘား မားသည် ပစိဖိတ်လေတပ်စခန်း ဌာနချုပ်၏ တပ်မှူးကြီးဗိုလ်ချုပ် လော်ရီရော်ဘင်ဆင်ကို အဆိုပါ ထူးမှာခန့်အပ်ရန် ၂၀၁၆ မတ်လ ၁၆ ရက်က လွှတ်တော်သို့အမည် စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ မြောက်ပိုင်းစစ်မျက်နှာစာသည် ၂၀၀၁ စက်တင်ဘာ ၁၁ ရက် အ ကြမ်းဖက်တိုက်ခိုက်မှု ပြီးကတည်း က အမေရိကန်ပြည်တောင်စုရှိ သည့် မြောက်အမေရိကတိုက်ကို ကာကွယ်ရန် ပင်တဂွန်စစ်ဌာနချုပ် က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထိုစစ် မျက်နှာစာသည် အမေရိကန်ပြည် ထောင်စု၊ ကနေဒါ၊ မက္ကဆီကို နိုင်ငံနှင့် ဘာဟားမားကျွန်းတို့၏ လုံခြုံရေးအတွက် ကာကွယ်ပေးမည် ဖြစ်သည်။

သည်စစ်မျက်နှာစာတွင် ကနေဒါ၊ မက္ကဆီကို တပ်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်သလို သည်ကနေ မြောက်အမေရိကန်တိုက်၏ လေတပ်စခန်းအားလုံးကိုလည်း ထိန်းချုပ်အမိန့်ပေးကွပ်ကဲနေခြင်းဖြစ်သည်။ ယခုအချိန်တွင် အိုင်အက်စ် ခေါ် အစ္စလာမ်မစ်အကြမ်းဖက်သူ ပုန်များ၏ ခြိမ်းခြောက်မှုများ တိုး လာနေသည့်အတွက် မြောက်အ မေရိကတိုက် စစ်မျက်နှာ၏ လုံခြုံ ရေးကို ပင်တဂွန်စစ်ဌာနချုပ်က အထူးတိုးမြှင့်ဆောင်ရွက်လျက် ရှိ သည်။ ထို့အတွက် အရေးပါလှ သော သည်စစ်မြေပြင်ကို တာဝန် ယူအုပ်ချုပ်ရန် ဗိုလ်ချုပ်လောရီ ရော်ဘင်ဆင်ကို တာဝန်ပေးလိုက် ခြင်း ဖြစ်သည်။ ပီတာဆန်လေတပ်စခန်းမှာ ပြုလုပ်သော တာဝန်ယူလွှဲပြောင်း သည့် အခမ်းအနားမှာ ဗိုလ်ချုပ် ကြီးလော်ရီရော်ဘင်ဆင်က ထို အလုပ်သည် တကယ့်ကိုထူးခြား အရေးပါသည့် တာဝန်ယူမှုကြီး တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ သည်။ သူ့ကို အမျိုးသမီးဗိုလ်ချုပ် ကြီးဖြစ်အောင် လမ်းပြပေးခဲ့သော သူ၏ဖခင်လေတပ်အရာရှိ ဂျော့ ဟောဝပ်၏ကျေးဇူးကိုလည်း ချီး မွမ်းခဲ့သည်။

တကယ်တမ်းတွင် အမျိုးသ မီးအခွင့်အရေးကို အလေးထားပါ သည်ဆိုသည့် အမေရိကန်နိုင်ငံမှာ အမျိုးသမီးတစ်ယောက်အနေဖြင့် သည်ရာထူးမျိုးရလာရန် မလွယ် ကူခဲ့ပါ။ အမေရိကန်စစ်တပ်တွင် ပထမကမ္ဘာစစ်ကတည်းက အမျိုး သမီးစစ်သားများရှိခဲ့သော်လည်း စစ်မြေပြင်တိုက်ပွဲဝင်ရန် ခွင့်မပြု ခဲ့ပါ။ သူနာပြု၊ လေကြောင်းလုပ် သားစသည့် နောက်တန်းတာဝန် များကိုသာ ထမ်းဆောင်ခွင့်ပြုခဲ့ သည်။ သည့်နောက်မှာ အမျိုးသမီး များ အခွင့်အရေးပိုရလာသည့်တိုင် ၁၉၉၉ အထိ အမျိုးသမီးစစ်သား များကို ကြယ်လေးပွင့်အဆင့် ဗိုလ် ချုပ်ကြီးရာထူးပေးအပ်ခြင်း မရှိခဲ့ ချေ။ ထို့နောက်ပိုင်းတွင်မှ ကြယ် လေးပွင့်အဆင့်ရ အမျိုးသမီးစစ် ဗိုလ်ချုပ်များရှိလာခဲ့ခြင်း ဖြစ်သည်။၂၀၁၅ ဒီဇင်ဘာ၌ ပင်တဂွန်စစ် ဌာနချုပ်သည် အမေရိကန် အမျိုး သမီးစစ်သားများကို ရှေ့တန်းတိုက်ပွဲများမှာ တိုက်ခိုက်ခွင့်ပြုပေးခဲ့ သည်။ အမေရိကန်အမျိုးသမီး စစ် ဗိုလ်ချုပ်များအနက် လော်ရီရော် ဘင်ဆင်က သမိုင်းရာဇ၀င်တစ်ခု ဖြစ်လာခဲ့သည်။

သူကရှေ့တန်း စစ်မြေပြင် တိုက်ခိုက်မှုမှာ ပထမဆုံးကြီးကြပ်ကွပ်ကဲအမိန့်ပေးရ မည့် အမျိုးသမီးစစ်ဗိုလ်ချုပ်ကြီး ဖြစ်သည်။ လော်ရီရော်ဘင်ဆင် မှာ မြောက်အမေရိကတိုက်၏ လုံခြုံရေးကို စီမံခန့်ခွဲနိုင်သည့် စွမ်း ရည်နှင့် ပြောင်မြောက်သည့် သမိုင်း ကြောင်းရှိသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး အန်စတင်ဘီကာတာက ပြောကြားသည်။ ‘‘ဖြန့်ကြက်နေတဲ့ ကျွန်တော် တို့ တပ်ပေါင်းစုတွေအပေါ် လော်ရီရဲ့ ဦးဆောင်နိုင်စွမ်း၊ အတုယူအားကျနိုင်စွမ်း၊ အမိန့်ပေးနိုင်စွမ်း နဲ့ လေးစားမှုက သူရဲ့နားလည် ကျွမ်းကျင်တာကို ပြသနေတယ်။ကျွန်တော်တို့ တပ်တွေ၊ ဗျူဟာတွေ ဘယ်လိုရှုပ်ထွေးပါစေ။ နည်း ပညာစွမ်းအားတွေ ဘယ်လိုပဲ မြင့်မြင့် ကျွန်တော်တို့ လူသားတွေ ကသာ ပထမနေရာကနေ ဦး ဆောင်ရမှာပါ’’ လော်ရီရော်ဘင်ဆင်သည် ၁၉၈၂ တွင် နယူးဟမ့်ရှိုင်းယား တက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် အမေရိကန်လေတပ်ထဲသို့ ၀င် ရောက်ခဲ့သည်။ သူသည်များသောအားဖြင့် လေတပ်စစ်ဆင်ရေးများကို ဦး ဆောင်ခဲ့ကာ လေတပ်သား ၂,၀၀၀ ကို ဦးဆောင်ပြီး အဆင့်မြင့်လေ ယာဉ်များသုံး တိုက်ခိုက်သည့် အီရတ်စစ်မြေပြင် စစ်ဆင်ရေးများ မှာ ပါဝင်ခဲ့သူလည်း ဖြစ်၏။ သူ၏ ထူးချွန်သော စစ်စွမ်းရည်ကြောင့် ဆုတံဆိပ်ရှစ်ဆုရခဲ့သူ အမျိုးသမီး စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။

သည်ရာထူးကို လက်မခံမီ လေ တပ်သား ၄၆,၀၀၀ ကို အမိန့်ပေး အုပ်ချုပ်ခဲ့သည့် ပစိဖိတ်လေတပ် စခန်းဌာနချုပ်၏ အကြီးဆုံးတပ် မှူးချုပ် ဖြစ်သည်။ ထို့အတူ သူသည်မိန်းမသား ဆိုသည်မှာ ပျော့ညံ့သူ။ ယောက်ျားများနောက်က ပါရမီဖြည့်သူအဖြစ် ရှိရမည်ဆိုသော မိန်းမသားတို့အ ပေါ် အမြင်ကိုပြောင်းပြန်လှန်ခဲ့သူ ဖြစ်သည်။ သူကအမျိုးသား စစ် ဗိုလ်ထောင်ချီအထက်က အမိန့် ပေးနေသူ မိန်းမသားတစ်ဦးဖြစ် ၏။ ကြီးလေးသော တာဝန်ကြီး ကိုထမ်းဆောင်နေရသူဖြစ်၏။ သို့အတွက် တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်ခဲ့သည်။ ၂၀၁၆ ကမ္ဘာကို သြဇာ အလွှမ်းမိုးဆုံးလူတစ်ရာထဲမှာသူလည်း ပါဝင်ခဲ့သည်။ စစ်မြေပြင်မှာ ဗိုလ်ခြေ ထောင်ချီကို ကြီးကြပ်ရသူဖြစ် သော်လည်း သူကအမျိုးသမီးဘ၀ ကို ကျေနပ်ဂုဏ်ယူသည့် အိမ် ထောင်သည် အမျိုးသမီးတစ်ဦး ဖြစ်၏။ သူ၏ခင်ပွန်းမှာ လေတပ် အငြိမ်းစား ဗိုလ်ချုပ်ဒေးဗစ်ရော် ဘင်ဆင် ဖြစ်သည်။

ယခုလို အမေရိကန် စစ် သမိုင်းမှာ ထင်ရှားသောကြယ် လေးပွင့် ဗိုလ်ချုပ်ကြီးဖြစ်လာခြင်း ကို သတင်းထောက်များက မေး ခွန်းထုတ်ခဲ့သည့်အခါ ပထမဆုံး တပ်ဖွဲ့တွေကို ဦးဆောင်ခဲ့သည့် အတွေ့အကြုံကသူ့ကို သည်အနေ အထားကိုဖြစ်စေခဲ့သည်ဟု လော်ရီရော်ဘင်ဆင်က ဖြေကြားခဲ့ သည်။ ‘‘သည်နေရာမျိုးမှာ တာဝန် ယူထမ်းဆောင်ရတဲ့ အမျိုးသမီး တစ်ဦးအနေနဲ့ လူတွေကို ကျွန်မ မကြာခဏ ပြောဖူးပါတယ်။ ကျွန်မက ပစိဖိတ်လေတပ်စခန်း ရဲ့ တပ်မှူးကြီး၊ အမေရိကန်လေ တပ်က ဗိုလ်ချုပ်ကြီးတစ်ယောက်၊ လေတပ်သားတစ်ယောက်၊ ပြီး တော့ ........... ကျွန်မဟာ အမျိုး သမီးတစ်ယောက်ပါ’’

Credit : 7daydaily.com/


18 May 2016     1,538 Views




RELATED

Most Popular of International News

Most Popular of NEWS