မင်းမဲ့စရိုက်ဆန်ဆန် လူမြင်ကွင်း လူသတ်မှု ကြောင့် မြန်မာ့စာပေလောက ရဲ့ ကြယ်ပွင့်တပွင့် ဆုံးရှုံးခဲ့
18 May 2016 1,651 Views

တောင်ဒဂုံမြို့နယ် ၇၁ ရပ်ကွက် မှာ ဖြစ်ပွားခဲ့တဲ့အမှုပါ။ အသတ်ခံရသူနေအိမ်မှ ကလေးငယ် က အိမ်နီးချင်းမုန့် ဆိုင်ကို မုန့်ဝယ်ရာမှစတင်ခဲ့တဲ့အမှုပါ။ မုန့်ဝယ်တာ ပိုက်ဆံ လိုနေတာကြောင့်မုန့်ဆိုင်ရှင်က စကားကြမ်းကြမ်းပြောရာကတဆင့်
လူကြီးတွေကြား ပြသနာဖြစ်ပွားခဲ့တာပါ။
မနက်အစောပိုင်းက ဖြစ်ခဲ့တဲ့ ကိစ္စ က ည ၉ နာရီ အချိန်မှာ ပြသနာပြန်လည်စတင်လာခဲ့ပြီး မုန့်ဆိုင်ရှင်အိမ်မှ မိသားစုဝင်များ ခန့်မှန်း ( ၁၅ ဦး ခန့် ) မှ တုတ် ဓါးများကိုင်ဆောင်ပြီး အိမ်ပေါက်ဝ ရှေ့ထိ ရန်ရှာ ခဲ့ရာမှ သေဆုံးသူ ရဲ့ ညီဖြစ်သူက ဖြေရှင်းပေးခဲ့ပေမယ့် မအောင်မြင်ပဲ အုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက် နေခဲ့ပါတယ်။ထိုအချိန် အိမ်အတွင်းမှာ ရပ်ကွက်လူကြီးထံ တိုင်စာရေးနေတဲ့ ကိုကျော်လှိုင် ဆိုသူက အိမ်ရှေ့ထွက်ပြီး ပြောဆိုဖြေရှင်းရာ သူ့ အား အုပ်စုလိုက် ဝိုင်းပြီး ဓါးနှင့်ခုတ်ကြတဲ့အတွက် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
တစ်ရပ်ကွက်လုံးနီးပါး ဖြစ်စဉ်ကို ကြည့်နေကြပေမယ့် ဘယ်သူမှ ဝင်မဆွဲရဲ မဖြေရှင်းရဲတဲ့ ဒီဖြစ်စဉ်ဟာ တကယ့် မင်းမဲ့စရိုက်ဆန်လွန်းလှပါတယ်။ အခုဖြစ်ရပ်ဟာ လက်ရှိအစိုးရသစ်လက်ထက် တရားဥပဒေ စိုးမိုးရေး ကို စိန်ခေါ်လိုက်သလို ဖြစ်နေပါတယ်။
သေဆုံးသူ ကိုကျော်လှိုင် ( ခ ) ဦးကျော်သူရနိုင် (အသက် ၄၀ နှစ်) ဟာ ကလောင်အမည် အဝေရာ အမည်နဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုမင်းမဲ့စရိုက်ဆန်တဲ့ဖြစ်စဉ်ကြောင့် မြန်မာစာပေလောကအတွက် ကြယ်တစ်ပွင့်ဆုံးရှုံးသွားခဲ့ရပါပြီ။







