BEC-TERO TV

ရေခဲ သေတ္တာထဲမှာ သိမ်းစရာမလိုအပ်တဲ့ ပစ္စည်းတွေ

18 May 2016     1,330 Views


ပစ္စည်းတစ်ခုခုဝယ်လာပြီးတာနဲ့ ပျက်စီးမှာစိုးလို့ဆိုပြီး အကုန်ရေခဲ သေတ္တာထဲထည့်သိမ်းလေ့ရှိကြ တာကြောင့် ဘယ်အရာတွေက ရေခဲသေတ္တာထဲမှာ သိမ်းစရာမလို ဘဲ ထားနိုင်တယ်ဆိုတာ သိထားဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
 
ငရုတ်ဆော့စ်၊ ခရမ်းချဉ်သီး ဆော့စ်
 
ပူစပ်တဲ့ ငရုတ်ဆော့စ်တွေ မှာ ဗက်တီးရီးယားပေါက်ပွားနိုင် စွမ်းမရှိတာကြောင့် ငရုတ်ဆော့စ် တွေကို ရေခဲသေတ္တာထဲမထည့်ဘဲ ဒီအတိုင်းထားရင် သုံးနှစ်လောက် အထိ အထားခံပါတယ်။ ခရမ်းချဉ် ဆော့စ်ဟာဆိုရင်လည်း အက် စစ်သဘာဝရှိတဲ့အတွက် အခန်း အပူချိန်မှာတောင် ဗက်တီးရီးယား မပေါက်ပွားနိုင်ပါဘူး။
 
မတ်စတတ်
 
အသားနဲ့စားဖို့အတွက် ထုပ်ထားတဲ့ အဝါရောင်၊ အညို ရောင် မတ်စတတ်တွေကလည်း ရေခဲသေတ္တာထဲမထည့်ဘဲ အချိန် တော်တော်ကြာအောင် ထားလို့ရ ပါတယ်။
 
အာလူး
 
အာလူးကို ရေခဲသေတ္တာထဲ သိမ်းမိရင် ရေခဲနာပြီး မြန်မြန်ပုပ် လွယ်တယ်ဆိုတာ သိပါလား။ အ ကောင်းဆုံးကတော့ စက္ကူအိတ် ထဲထည့်ပြီး မီးဖိုချောင်ထဲကအေး ပြီး ခြောက်သွေ့တဲ့တစ်နေရာမှာ ထားလိုက်ပါ။
 
ကြက်သွန်နီ၊ ကြက်သွန်ဖြူ
 
မီးဖိုဆောင်ထဲက ခြောက် သွေ့တဲ့တစ်နေရာရာမှာ သိမ်း တာ အကောင်းဆုံးပါ။
 
ပန်းသီး၊ သစ်တော်သီး
 
ရေခဲသေတ္တာထဲမထည့်ဘဲ အပြင်မှာထားမယ်ဆိုရင် တစ် ပတ်လောက်ထားလို့ရပါတယ်။
 
ခရမ်းချဉ်သီး
 
ခရမ်းချဉ်သီးတွေကို ရေခဲ သေတ္တာထဲမှာ သိမ်းမယ်ဆိုရင် အရသာပြောင်းသွားတဲ့အပြင် ပုပ် လွယ်တယ်ဆိုတာ မှတ်ထားလိုက်ပါ။
 
ဖရဲသီး
 
အသီးမခွဲရသေးရင်တော့ ရေခဲသေတ္တာထဲမှာ သိမ်းဖို့မလို အပ်ပါဘူး။ အကယ်၍ သိမ်းခဲ့ တယ်ဆိုရင် ဖရဲသီးမှာပါတဲ့ ဓာတ် တိုးဆန့်ကျင်ဂုဏ်သတ္တိဟာ ရေခဲ သေတ္တာထဲက အပူချိန်ကြောင့် ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။
 
ပျားရည်
 
ဘယ်လောက်ကြာကြာ မပျက်စီးတဲ့ပစ္စည်း   ဖြစ်တဲ့အ တွက် ရေခဲသေတ္တာထဲမှာ နေရာ ပေးထားဖို့ မလိုအပ်ပါဘူး။
 
ငှက်ပျောသီး
 
ငှက်ပျောသီးတွေကို မြန်မြန် မမှည့်စေချင်ဘူးဆိုရင်တော့ ရေ ခဲသေတ္တာထဲမှာထားလို့ အဆင် ပြေပါတယ်။
 
ထောပတ်သီး
 
ထောပတ်သီးကို ရေခဲ သေတ္တာထဲသိမ်းမိရင်တော့ မှည့် ဖို့အတော်စောင့်ရမှာဖြစ်လို့ စက္ကူ အိတ်တစ်လုံးထဲမှာ ထောပတ်သီး တို့၊ ငှက်ပျောသီးတို့အတူထားပြီး မြန်မြန်ဝင်းမှည့်အောင်လုပ်လို့ရ ပါတယ်။
 
ပင်စိမ်း
 
ရေခဲသေတ္တာထဲထည့်ထား တဲ့အခါ အထဲက တခြားအနံ့အ သက်တွေကို စုပ်ယူတဲ့အတွက် ပင်စိမ်းရဲ့ သဘာဝအနံ့တွေ ပျောက်ကုန်တာကြောင့် အ ကောင်းဆုံးကတော့ ပင်စိမ်းပင် လေးတွေကို ဖန်ခွက်ခွက်ထဲမှာ ရေထည့်ပြီး မီးဖိုဆောင်မှာထား တာပါ။
 
ကော်ဖီ
 
ရေခဲသေတ္တာထဲမှာဆို ရေ ငွေ့ပြန်နိုင်တာကြောင့် လေလုံဘူး ထဲထည့်ပြီး အပြင်မှာထားတာ အ ကောင်းဆုံးပါ။
 
ဆီ
 
အုန်းဆီနဲ့ သံလွင်ဆီကို ရေ ခဲသေတ္တာထဲသိမ်းရင် အခဲလိုက် ထွက်လာမှာမို့ မီးဖိုဆောင်ထဲက ဗီရိုမှာပဲသိမ်းသင့်ပါတယ်။ ဒါပေ မဲ့ အခွံမာသီးဆီတွေဆိုရင်တော့ ကြာရှည်ခံအောင် ရေခဲသေတ္တာ ထဲမှာ သိမ်းဖို့လိုအပ်ပါတယ်။
 
မြေပဲထောပတ်
 
အော်ဂဲနစ် (ဒါမှမဟုတ်) သဘာဝပစ္စည်းတွေနဲ့ ချည်းထုတ် ထားတဲ့ မြေပဲထောပတ်ဆိုရင် တော့ ရေခဲသေတ္တာထဲမှာထားဖို့ မလိုပါဘူး။ 
 
(ပိုပိုလေး)
 

18 May 2016     1,330 Views




RELATED

Most Popular of Special or Others

Most Popular of NEWS