ကိုယ်ပိုင်ရွက်လှေနဲ့ ကိန်းပွဲတော်ကိုလာတဲ့ Paris Hilton
20 May 2016 1,604 Views

သန်းကြွယ်သူဌေးမလေး Paris Hilton က ဒီနှစ် ကိန်းရုပ်ရှင်ပွဲတော်ကို ကိုယ်ပိုင် ဇိမ်ခံရွက်လှေကြီးနဲ့ ရောက်လာပါတယ်။ အင်္ဂါနေ့ မနက်ပိုင်းက အဖြူရောင်ဝတ်စုံလေးနဲ့ လန်းလန်းဆန်းဆန်း မြင်ရတဲ့ ပဲရစ်ဟီလ်တန်ဟာ အခြား ရံပုံငွေပွဲတစ်ခုကို သွားပြီးမှ ကိန်းရုပ်ရှင်ပွဲကို ရောက်လာတာပါ။ စကပ်တိုတိုလေးကို ငွေရောင်ဒေါက်မြင့်ဖိနပ်နဲ့ ဝတ်ဆင်ထားလို့ သွယ်လျတဲ့ပေါင်တံတွေကလည်း သူမရဲ့နုပျိုမှုကို ပြသနေသလိုပါပဲ။
.jpg)
ညနေပိုင်းမှာတော့ ကော်ဇောနီလျှောက်လမ်းပေါ်ကို ပန်းခက်နွယ်လေးတွေနဲ့ ဒီဇိုင်းဖော်ထားတဲ့ အဖြူရောင်ဂါဝန်ရှည်နဲ့ ပွဲတက်လာတာတွေ့ရပါတယ်။ အမြဲ ထူးထူးဆန်းဆန်းတွေ လုပ်တက်တဲ့ သန်းကြွယ်သူငှေး မလေးက ဒီတခါလဲ လှပလို့နေပါတယ်။ Credit: Duwun







