BEC-TERO TV

ဒေါက်တာနှစ်ဦးကို သတ်ခဲ့တဲ့ တရားခံ မိမိကိုယ် အဆုံးစီရင်သွား

20 May 2016     1,270 Views


လက်နှက်ချအဖမ်းခံဘို့  အမျိုးမျိုးဖျောင့်ဖျနေတဲ့ ကြားက ကားထဲကထွက်လာပြီး သူ့ ကိုယ်သူ သတ်သေဘို့  နားထင် ကို သေနတ်နဲ့  ချိန်ထားတဲ့ ဒေါက် ၀မ်ချိုင်းကို ဆွေးမျိုးတွေ နဲ့  အရင်းနှီးဆုံး တပည့် တွေက ၀ိုင်း တားနေရင်းက ညနေ(၆)နာရီခွဲမှာ အားလုံးကို တောင်းပန် စကားပြောဆိုခဲ့ပြီး မိမိကို သတ်သေသွားခဲ့ကြောင်းသိရပါတယ်။ မေလ(၁၈) ရက် မနေ့ နေ့ လည်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ရချဖတ် တက္ကသိုလ် ရုံး ခန်းအတွင်းက ဒေါက်တာနှစ်ဦးကို သေနတ်နဲ့  ပစ်သတ် ထွက်ပြေးနေ သူ ဒေါက်တာ ၀မ်ချိုင်း အသက်(၆၀) ဟာ သူ ပုန်းနေတဲ့ တည်းခိုးခန်းကနေ ကား မောင်းအထွက်မှာ ရဲတွေက ၀ိုင်းထားလိုက်ပြီးလက်နက်ချ အဖမ်းခံ ဘို့  အကြိမ်ကြိမ် ဆွေးနွေးနေခဲ့တာ မအောင်မမြင် ဖြစ်သွားခဲ့ပါတယ်။

ဒေါက်တာ ၀မ်ချိုင်းဟာ ရချဖတ် တက္ကသိုလ်မှာ စာသင်နေတဲ့ ဆရာဖြစ်ပါတယ်၊ရချဖတ် တက္က သိုလ် က တာဝန်ရှိတဲ့သူတွေကရဲ့  သတင်းစာရှင်းပွဲမှာ အသတ်ခံရတဲ့ ဒေါက်တာ နှစ်ဦးနဲ့  တရားခံ ဒေါက်တာ ၀မ်ချိုင်းတို့ ဟာ ဒေါက်တာဘွဲ့ တွေရခဲ့တာနဲ့  ပါတ်သက်ပြီး စကားများခဲ့ကြ ဘူးကြောင်းသိရပါတယ်။ ယခုအမှုမှာ တရားရင်ဆိုင်ရင် သေဒဏ်ကျခံရမယ်ဆိုတာ သိနေတာကြောင့် ခုလို လုပ်သွား ခဲ့တာလည်း ဖြစ်နိုင်ကြောင်း သတင်းတွေမှာရေးသားနေကြပါတယ်။

Credit : thithtoolwin.com


20 May 2016     1,270 Views




RELATED

Most Popular of Special or Others

Most Popular of NEWS