BEC-TERO TV

သမီးဖြစ်သူရဲ့(၁၅)နှစ်ပြည့်မွေးနေ့ကို ပေါင်၎.၂သန်းအကုန်ခံကျင်းပပေးတဲ့ဖခင်

20 May 2016     1,382 Views


March 6 ရက်နေ့ က ကျရောက်ခဲ့တဲ့ သမီးဖြစ်သူရဲ့ (15)နှစ်ပြည့် မွေးနေ့ကို ပေါင် (4.2) သန်း အကုန်အကျခံ ကျင်းပပေးခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့သတင်းဟာ အင်တာနက်စာမျက်နှာတွေမှာ လူစိတ်ဝင်စားမှု များပြားခဲ့ ပါတယ်။ မွေးနေ့ကိတ်ဟာ သာမန် ကိတ်မဟုတ်ဘဲ စိန်ပွင့်အဖြူတွေ စီခြယ်ထားပါတယ်။ မွေးနေ့ရှင် ဆယ်ကျော်သက်မလေးရဲ့ အမည်ဟာ Maya Henry ဖြစ်ပြီး သူမရဲ့အဖေ Thomas J Henry ကတော့ သာမာန် ရှေ့နေ့တစ်ယောက်ဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ချစ်သမီးရဲ့ မွေးနေ့မှာ အံ့ဖွယ်ဖြစ်စေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ မွေးနေ့ကျင်းပဖို့အတွက် San Antonio ရင်ပြင်မှာ ပေ 55000 ပတ်လည်ရှိတဲ့ ပြင်ဆင်မှုတွေကို ဖန်တီးပေးခဲ့ပြီး၊ ပေ 30 အမြင်ရှိတဲ့ ချယ်ရီပင်တွေ၊ နှင်းဆီပန်း တံတိုင်း၊ ရေပန်းရေမွှား၊ ဥယျဉ်ကျယ်ကြီးနဲ့ ဖန်တီးထားတဲ့ အခန်းကျယ်ကြီး၊ လိပ်ပြာအတောင်ပံခတ်နေတဲ့ ဘောလုံးပျံတွေကိုလည်း နေရာအနှံ့ချိတ်ဆွဲကာ အခမ်းအနား အပြင်အဆင်ထဲမှာ ထည့်သွင်း ပေးခဲ့ပါတယ်။

ညနေခင်းပိုင်းမှာလည်း သမီးဖြစ်သူရဲ့ မွေးနေ့ပွဲကို တက်ရောက်လာတဲ့ ဧည့်သည် 600 ကျော်ကို ကမ္ဘာကျော်အဆိုတော်များဖြစ်ကြတဲ့ Nick Jonas နဲ့ Pitbull တို့အဖွဲ့နဲ့ ဧည့်ခံ ဖျော်ဖြေပေးခဲ့ပါတယ်။

Maya ဟာ ကမ္ဘာကျော်ဒီဇိုင်းပညာရှင် Rolando Santana ရဲ့ လက်ရာ ပန်းရောင်မွေးနေ့ဝတ်စုံကို ၀တ်ဆင်ခဲ့ပြီး မိတ်ကပ်ကိုတော့အလှပညာရှင် Patrick Ta ကို ခေါ်ယူပြင်ဆင်ခဲ့ပါတယ်။ မျက်လုံးအလှအတွက်လည်း ပညာရှင်ကြီး Kim ကိုငှားရမ်း ပုံဖော်ခဲ့ပါတယ်။ Maya ဟာ သူမရဲ့ မွေးနေ့ပါတီပွဲ ကျင်းပပုံများကို Instagram ပေါ်မှာ တင်ခဲ့ပြီးလာရောက်ဖျော်ဖြေပေးတဲ့ ကမ္ဘာကျော်တွေ၊ အလှဖန်တီးရှင်နဲ့ ဒီဇိုင်းပညာရှင် စတာတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။သူမဟာလည်း နေ့ချင်းညချင်း နာမည်ကျော်ဘ၀ကို ရောက်ခဲ့ပြီး သူမရဲ့ လူမှုကွန်ယက်မှာ Follower 18000အထိ ရှိခဲ့ပြီဖြစ်ပါတယ်။

Maya က “ ဒါက သိပ်ကို စိတ်လှုပ်ရှားစရာကောင်းခဲ့တဲ့ ညပါ … ကျွန်မကတော့မေ့နိုင်မှာ မဟုတ်တော့ပါဘူး … တက်ရောက်ခဲ့တဲ့ သူငယ်ချင်းတွေ ဆွေမျိုးတွေ နောက်ပြီး ကျွန်မရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ဖန်တီးပေးခဲ့တဲ့၊ စိတ်လှုပ်ရှားအောင် ဖန်တီးပေးခဲ့တဲ့ ဖေဖေနဲ့မေမေတို့ကိုလည်း ကျေးဇူးတင်ပါတယ် … ” လို့ ပြောဆိုခဲ့ပါတယ်။အဖေဖြစ်သူ Henry ကလည်း “ သူ့ အမေနဲ့ ကျွန်တော်နဲ့စိတ်ထဲမှာ သူ့ကို လူငယ်ဘ၀ကနေ လူကြီးတစ်ယောက်ဘ၀ကို အကူးအပြောင်းမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ညတစ်ခု ဖန်တီးပေးဖို့ ဆန္ဒရှိခဲ့ကြပါတယ်… Maya ရဲ့ အနာဂတ် အတွက်လည်း ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ metro သတင်းဆောင်းပါးရေးသူရဲ့ အာဘော်ကတော့ ဒီ ကလေးမလေးရဲ့ ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့ဟာ ဘယ်လိုပျော်ရွှင်ရဦးမလဲဆိုတာကို စောင့်မျှော်နေမယ်လို့ ဆိုထားပါတယ်။


20 May 2016     1,382 Views




RELATED

Most Popular of Special or Others

Most Popular of NEWS