တိရစ္ဆာန်ရုံက ခြင်္သေ့ရုံထဲကို ကိုယ်တုံးလုံးနဲ့ ပြေးဝင်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့ လူငယ်
22 May 2016 2,381 Views

ချီလီ နိုင်ငံ စံဒေရာဂိုမြို့  တိရိစ္ဆာန်ဥယျာဉ်က ခြင်္သေ့တွေလှောင်ထားတဲ့ နေရာကို အသက် (၂၀)အရွယ် လူငယ် တဦး ဟာ အတားအဆီးတွေကိုဖျက်ဝင် သွားခဲ့ပြီး မိမိကိုယ်မိမိ ခြင်္သေ့စားကြွေးကာ သတ်သေသွားခဲ့ကြောင်း သိရပါတယ်။
အားလပ်ရက်ဖြစ်တာကြောင့် လာရောက်ကြည့်ရူ့ နေကြတဲ့သူတွေရှေ့ မှာတင် Franco Luis Ferrada Roman ဖရမ်ကို လူးရစ် ဖါရာဒါ ရိုမန် ဆိုသူ လူငယ်ဟာ ယခုလို မိမိကိုယ် အဆုံးစီရင်သွားတာပါ၊
ဖရမ်ကို ကို တိရိစ္ဆာန်ရုံ ၀န်ထမ်းတွေက ခြင်္သေ့တွေကိုက်နေတဲ့ ကြားကနေ ကယ်တင်ပြီးဆေးရုံမှာ အရေးပေါ်ကုသပေးနေပေမယ့် ဖရန်ကို ဟာ အသက်ရှင်နိုင်ဘို့ သိပ်မရှိတော့ကြောင်း သိရပါတယ်။
.jpg)
ယခုဖြစ်ရပ်ကြောင့် တိရိစ္ဆာန်ရုံကို ယာရီ ပိတ်ခဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်နေကြပါတယ်။
Credit : Thithtoolwin






