ကမ္ဘာ့ဒုတိယအမြင့်ဆုံးတံတားထိပ်ပေါ် Selfieတက်ရိုက်ခဲ့သည့် တူရကီ လူငယ်နှစ်ယောက်
23 May 2016 1,778 Views

လူတို့ကိုဇောချွေးများပင်ထွက်စေသောSelfieရိုက်ယူမှုတစ်ခုအား တူရကီ အစ္စတန်ဘူလ် ရှိPavelSmirnow နှင့် သူ၏အဖော် တို့နှစ်ဦး ပြုလုပ်ခဲ့ကြသည်။
ကမ္ဘာ့ဒုတိယအမြင့်ဆုံးဖြစ်ကာ တူရကီ နိုင်ငံ၏အမြင့်ဆုံး ဖြစ်သည့် အမြင့် မီတာ၃၅၀ ရှိသော Sultan Selim တံတားထိပ်ပေါ်သို့ PavelSmirnow နှင့် သူ့အဖော်ဖြစ်သူတို့ နှစ်ဦးသည် ဒယီးဒယိုင်ဖြင့် တက်ရောက်ခဲ့ပြီး selfie ရိုက်ကူးခဲ့ရာ ဓာတ်ပုံထဲတွင် တိမ်များက သူတို့ခြေထောက်အောက်တွင်ရောက်နေသယောင် ထင်မှတ်ရသည်။ ထိုရိုက်ကူးမှုမှာအလွန်အန္တရာယ်များ သည့် အမြင့်အထိ သက်စွန့်ဆံဖျား သွားရောက်၍ Selfieရိုက်ခဲ့ခြင်း ဖြစ်သည်ဟု Global Times သတင်းဌာန၏မေလ ၁၈ ရက်နေ့ သတင်းအရသိရသည်။

.jpg)
Credit : သတင်းစုံ






