BEC-TERO TV

လွှတ်တော်မှာတောင် ဆွေးနွေးမှုတွေ ပြုလုပ်ခံနေရတဲ့ ဇာဇာထက် တို့ရဲ့ ဓါတ်ပုံများ

23 May 2016     2,491 Views


အင်တာနက် စာမျက်နှာများတွင် ဆိုးရွားစွာ ပျံ့နှံ့ လျက်ရှိသည့် မြန်မာအမျိုးသမီး အချို့၏ ညစ်ညမ်းပုံများ နှင့် ပါတ်သက်၍ ယင်းပုံများကို ရိုက်ကူးခံသူ နှင့် ရိုက်ကူးပေးသူ များကို ထိထိ ရောက်ရောက် တားဆီးအရေးယူရန် အမရပူရ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသွန်းထွန်းဦးက ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး တိုက်တွန်းလိုက်သည် ။ 
 
အိုင်တီနည်းပညာများ တိုးတက်လာ သည်နှင့် အမျှ တိုင်းတစ်ပါး ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် နိုင်ငံ၏ ယဉ်ကျေးမှုများ တဖြည်းဖြည်း ဆုံးရှုံး နှစ်နာလျက်ရှိကြောင်း ၊ တိုင်းတပါး ဝတ်စားဆင်ယင်မှုများဖြစ်သည့် မောင်နှင့် နှမ ၊ သားနှင့် အမိ မကြည့်ရဲလောက်သော ဝတ်စားဆင်ယင်မှုများ အင်တာနက် စာမျက်နှာပေါ်တွင် ဆိုးရွားစွာ ပျံ့နှံ့နေကြောင်း ပို၍ ဆိုးရွားသည်မှာ အင်တာနက် ပေါ်တွင် မြန်မာ အမျိုးသမီး အချို့၏ မတော်တရော် ပုံရိပ်များပင် ပျံ့နှံ့နေခြင်းပင် ဖြစ်ကြောင်း ဦးသိန်းထွန်းဦးက ရှင်းပြသည်။ 
 
" အတုမြင် အတတ်သင်တတ်လို့ နောင်မျိုးဆက်မြန်မာ မိန်းမပျို ၊ သမီးပျိုများ အတွက် အလွန်ရင်လေးမိတဲ့ အွ က် မတော်တရော် ရိုက်ကူးခံနေသူတွေ ရိုက်ပေးသူတွေကို ထိထိရောက်ရောက် တားဆီး အရေးယူသင့်ပါတယ် ။ " ဟု ၎င်း က တိုက်တွန်းပြောဆိုသည် ။ 
 
 
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စ၍ လိင်အသားပေး ရုပ်ပုံများ ရိုက်ကူးခံသူ နှင့် ရိုက်ကူး သူအချို့ထွက်ပေါ် လာပြီး ယင်းမှာ အနုပညာတစ်ရပ် ဟုတ် မဟုတ် အငြင်းပွာမှုများလည်း အဆိုပါ လိင်အသားပေး ရုပ်ပုံများ ရိုက်ကူးသူများ နှင့် အနှပညာရှင် အချို့အကြား ကျယ်ကျယ်လောင်လောင် အငြင်းပွားနေဆဲ ဖြစ်သည် ။ 
 
ယင်းသို့ လိင်အသားပေးရုပ်ပုံများ ရိုက်ကူးရာတွင် ဇာဇာထက် မှာ ထင်ရှားပြီး သူမ၏ အဆိုပါရုပ်ပုံများကို အင်တာနက် စာမျက်နှာ တွင် တရားဝင် လွှင့်တင်ထားရှိရာ ထောက်ခံသူ နှင့် ကန့်ကွက်သူ အများအပြား အပြိုင်ရှိနေခြင်း ဖြစ်သည် ။ 
 
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၁၅ - ၂၀၁၆ ဘဏ္ဌာ နှစ် အမျိုးသား စီမံကိန်း ဥပဒေကို ဆွေးနွေးရာ ၌ ယဉ်ကျေးမှုဏ္ဏ နှင့် ပါတ်သက်၍ ၎င်း က ယင်းသို့ ပြောဆိုခြင်းဖြစ်သည် ။ 
 
Credit : Myanmar Celebrity

23 May 2016     2,491 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS