BEC-TERO TV

နောက်ထပ် တစ်ကိုယ်တော် စီးရီး ထွက်ဖို့အတွက် စတင်ပြင်ဆင်နေပြီဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း

23 May 2016     1,328 Views


အခွေတစ်ခွေထွက်တိုင်း ပရိသတ်အားပေးမှု အပြည့်အ၀နဲ့ ထွက်သမျှအခွေတိုင်းအောင်မြင်နေသူကတော့ သရုပ်ဆောင်လည်းဖြစ် အဆိုတော်တစ်ယောက်လည်း ဖြစ်တဲ့ ၀ိုင်းစုခိုင်သိန်းပါ။ သူမဟာ လက်ရှိမှာ ရှိုးပွဲတွေ ဆိုဖြစ်နေသလို ငါးခွေမြောက်အခွေဖြစ်တဲ့ "ဂါ" တေးအယ်လ်ဘမ်ကိုလည်း စတင်ပြင်ဆင်နေတယ်လို့သိရတဲ့အတွက် အဆိုပါအခွေအကြောင်းကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ
 
"အခုလောလောဆယ်က ရှိုးပွဲတွေဆိုဖြစ်နေသလို အစ်မရဲ့ ငါးခွေမြောက် အခွေလေးကို လုပ်နေပါတယ်။ တစ်ကိုယ်တော်အခွေနဲ့ဆို လေးခွေမြောက် ၊ ခါချနေရတယ်ပါ အပါအ၀င်ဆို ငါးခွေမြောက်အခွေလေးပါ။ အခုလုပ်နေတဲ့အခွေက အတီးပုံစံလေးတွေ နည်းနည်းပြောင်းထားတယ်။ အရမ်းကြီးတော့ မပြောင်းထားဘူး။ ပရိသတ်တွေအရင်ကကြိုက်နေကြ ပုံစံမျိုးလေးတွေလဲ ပါတယ်။ ၀ိုင်းစုလက်ခံနိုင်တဲ့ ပုံစံမျိုးလေးတွေပဲ ထည့်ပြီး အကောင်းဆုံးကြိုးစားထားတယ်။ Featuring အနေနဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ဖြိုးပြည့်စုံပါမယ်။ မြူးဆစ်ပုံစံကတော့ အမျိုးအစားအစုံပဲ။ အမြူးဆိုလဲ အမြူး အဆွေးဆိုလဲ အဆွေးပုံစံအမျိုးအစားလေးတွေ ပါမယ်။ ၀ိုင်းစုကတော့ အခွေတစ်ခွေ ထုတ်တော့မယ်ဆိုရင်ကိုယ်တိုင် စိတ်တိုင်းကျမှ ထုတ်တယ်။ ပရိသတ်တွေအပေါ်စေတနာထားပြီးလဲ လုပ်တယ်။ အဲ့ဒီလိုစေတနာထားပြီးလုပ်တဲ့အတွက် ၀ိုင်းစုအခွေထွက်လာတိုင်း ပရိသတ်တွေ အရမ်းအားပေးကြတာလို့ထင်ပါတယ်။ အခွေနာမည်ကို လောလောဆယ် ဂါ လို့ပေးထားတယ်။ အခွေနာမည်ပေးမယ်ဆိုရင် ၀ိုင်းစုက ပရိသတ်နားစွဲလွယ်တဲ့ နာမည်မျိုးကို ပေးတတ်တယ်။ အခုလောလောဆယ် ဂါသီချင်းက မရသေးဘူး။ Snare ကိုရေးခိုင်းထားတုန်းပေါ့။ အဲ့ဒီထက်ကောင်းတဲ့ နာမည်မျိုး စဉ်းစားမိရင်တော့ ထပ်ပြောင်းဦးမှာပေါ့။ ဂါလို့ယာယီပေးထားတာက ဂါဆိုတာ အခုခေတ်ရဲ့ ဗန်းစကားတစ်မျိုးပေါ့။ ဂါဆိုတာ အိပ်ရေးမ၀လို့ဖြစ်ဖြစ်၊ တစ်ခုခု အဆင်မပြေလို့ပဲဖြစ်ဖြစ် အဲ့ဒီလိုအချိန်ဆို ဂါလို့သုံးတယ်။ လူကြီးတွေကို ဂါရ၀ပြုတာကိုလဲ ဂါလို့သုံးတယ်။ အဲ့ဒီလိုလေးတော့ပြောပြထားတယ်။ သူတို့ဘယ်လိုရေးပေးမလဲမသိဘူး"လို့ သူမက ပြောပါတယ်။
 
အခွေတွေဆက်တိုက်ထွက်ဖြစ်နေတာနဲ့ပတ်သက်ပြီးတော့လည်း သူမက "အစ်မအာဘွားအခွေကို ၁၁ လပိုင်းမှာ ထုတ်တယ်။ နောက်တစ်ခွေကို ၂ လပိုင်းမှာ ထပ်ထုတ်တယ်။ အစ်မကို အခွေထွက်တာ ကပ်တယ်။ ငါတို့ထွက်ဖို့လဲထားပါဦးဆိုပြီး တခြားအနုပညာရှင်တွေကတောင် ၀ိုင်းပြောကြတယ်။ သီချင်းအခွေတစ်ခွေ ထုတ်ဖို့ဆိုတာလဲ တကယ်တမ်း ဘယ်လိုမှ မလွယ်တဲ့ကိစ္စ ၊ ဒီနေ့သီချင်းရပြီး နောက်နေ့သီချင်းဘယ်လိုမှ မထွက်နိုင်ဘူး။ အတီးစောင့်ရတယ်။ သီချင်းခွေ တစ်ခွေလုံးကောင်းဖို့အတွက်သီချင်းစီရတယ်။ အရင်ထွက်နေကျပုံစံကြီးပဲစီပြီးထွက်သွားလို့ပရိသတ် မကြိုက်ရင်လဲ ကိုယ့်အခွေက ဘာမှထူးလာမှာမဟုတ်ဘူးလေ။ အဲ့ဒီတော့ သီချင်းခွေတစ်ခွေထုတ်ရတာတကယ်တော့မလွယ်ပါဘူး။ တစ်နှစ်ကို တစ်ခွေထုတ်နိုင်ဖို့တောင် ခဲယဉ်းလွန်းတဲ့ကိစ္စပါ။ အစ်မကတော့ တစ်နှစ်ထဲမှာလဲ နှစ်ခွေထွက်တာမျိုးရှိတယ်။ အခွေထွက်နိုင်တဲ့အထဲမှာပါပါတယ်"တဲ့။
 
ဇာတ်ကားရိုက်ကူးမှုအပိုင်းကိုတော့ ကမ်းလှမ်းထားတာတွေ ရိုက်ဖြစ်ဖို့တော့ ရှိတယ်လို့ သူမက ဖွင့်ဟသွားပြီး ကိုယ့်ဟာကိုယ် စီစဉ်ပြီးလဲ ရိုက်ဖြစ်မယ်လို့ ဆိုသွားပါသေးတယ်။
 
သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ဘာမှတော့ ထွေထွေထူးထူးမရှိပါဘူး။ သူ့အလုပ်တွေကလဲ ဒီကိုရွှေ့လာပြီဆိုတော့ ဒီမှာပဲလုပ်ဖြစ်တယ်။ သူကလဲ သူ့အလုပ်နဲ့သူဆိုတော့ ၀ိုင်းစုနောက်တော့ သိပ်မလိုက်ဖြစ်တော့ဘူးပေါ့။ ကလေးကတော့ စဉ်းတော့စဉ်းစားတယ်။ ဒါပေမဲ့ အစ်မအခွေလုပ်စရာရှိသေးတော့ နည်းနည်းအချိန်ယူနေတာပါ။ သီချင်းကိုအရင်ဦးစားပေးလုပ်နေတဲ့သဘောပေါ့။ ကိုဥက္ကာကတော့ ကလေးယူဖို့ကိစ္စကို အရမ်းကြီး မတိုက်တွန်းပါဘူး။ ၀ိုင်းစုကိုယ်တိုင်လဲ ကလေးတော့ ချစ်တတ်တယ်။ ကလေးနဲ့ပတ်သက်ပြီး အရမ်းကြီးစိတ်ကူးယဉ်ပြီးတော့ မတွေးဖူးဘူး။ သီချင်းကိစ္စတွေပြီးသွားရင်တော့ ကလေးယူဖို့အတွက်ကို အချိန်သေချာပေးဖြစ်မှာပါ"တဲ့။

23 May 2016     1,328 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS