BEC-TERO TV

မော်ရင်ဟို လက်ထက်မှာ မန်ယူအသင်းက ထွက်သွားရမယ့် ကစားသမား (၅) ဦးနဲ့ ရောက်လာမယ့် ကစားသမား (၅) ဦး

24 May 2016     1,339 Views


မော်ရင်ဟိုဘက်က အတည်ပြုချက် မရသေးပေမယ့် နည်းပြဗန်ဟားလ်က အားလုံးပြီးဆုံးသွားပြီလို့ ပြောထားတဲ့ စကားအရ မော်ရင်ဟိုသာ မန်ယူနည်းပြ ဖြစ်လာဖို့ သေချာနေပြီဖြစ်ပါတယ်။ 
ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟို မန်ယူကို ရောက်လာတဲ့အခါ မန်ယူအသင်းက ထွက်ခွါဖွယ်ရှိတဲ့ ကစားသမား (၅) ဦးရှိပါတယ်။ ဒါ့အပြင် မန်ယူရောက်တဲ့အခါ မော်ရင်ဟို ခေါ်ယူမယ့် ကစားသမားသစ် (၅) ဦးလည်းရှိပါတယ်။
 
အသင်းက ထွက်ရမည့် ကစားသမားများ
 
၁။ မာတာ
ချယ်လ်ဆီးမှာ မော်ရင်ဟိုရှိစဉ်က မန်ယူကို အရောင်းခံလိုက်ရတဲ့ ကစာသမား ဖြစ်ပါတယ်။ အခုတော့ မော်ရင်ဟို မန်ယူပြန်ရောက်လာတဲ့အခါ အရောင်းခံရမယ့်စာရင်းမှာ မာတာ ထိပ်ဆုံးကပါ။
 
၂။ ရိုဟို
ရိုဟိုကလည်း ခံစစ်မှာ ခြေစွမ်းသိပ်မပြနိုင်တဲ့ ကစားသမားပါ။ မော်ရင်ဟိုက ခံစစ်မှာ ထိပ်သီးကစားသမားတွေကိုပဲ ထားလေ့ရှိတာကြောင့် ရိုဟိုလည်း အသင်းကထွက်ရဖို့ များနေပါတယ်။
 
 ၃။ ယာနူဇက်
ဒေးဗစ်မိုယက်စ်လက်ထက်မှာ လူငယ်အသင်းကနေ အသင်းကြီးကို ခေါ်ထားတဲ့ ကစားသမားပါ။ မော်ရင်ဟို ရောက်ရင်တော့ ယာနူဇက်လည်း အနည်းဆုံး အငှားတော့ အချခံရမယ့် ကစားသမားဖြစ်ပါတယ်။
 
၎။ ရှနိုက်ဒါလင်
မော်ရင်ဟို ခေါ်ယူချင်တဲ့ ကစားသမားတွေထဲမှာ ရှနိုက်ဒါလင်၊ မိုက်ကယ်ကာရစ်တို့လို နေရာမျိုးအတွက် ကစားသမားတွေ ရှိနေပါတယ်။ ရှနိုက်ဒါလင်လည်း အသင်းကထွက်ဖို့ ရာခိုင်နှုန်းများနေတဲ့ ကစားသမား တစ်ဦးပါ။
 
၅။ ဒီပေး
ဒီပေးနဲ့ မန်ယူရဲ့ အနာဂတ်က ဗန်ဟားလ်မရှိတော့ဘူးဆိုကတည်းက သံသယဝင်စရာဖြစ်ပါတယ်။ အထူးသဖြင့် ခံစစ်မကစားတတ်တဲ့ ကစားသမားမျိုးကို မော်ရင်ဟို အကြိုက်တွေ့လေ့ မရှိပါဘူး။
 
ရောက်လာဖွယ် ရှိသည့် ကစားသမားများ
 
၁။ ဗာရန်း
ခံစစ်ပိုင်းသာမက တိုက်စစ်အတွက်လည်း အားကိုးရတဲ့ ကစားသမားဖြစ်လို့ ရီးရဲလ်မက်ဒရစ်က ခေါ်ယူမယ်ဆိုရင် အလွယ်တကူခေါ်နိုင်မှာပါ။
 
၂။ ဂျွန်စတုန်း
မန်ယူအသင်း စိတ်ဝင်စားနေတာ ကြာပြီဖြစ်တဲ့ ကစားသမားပါ။ အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို အခြား ထိပ်သီးအသင်းတွေလည်း စိတ်ဝင်စားလျှက်ရှိပါတယ်။
 
၃။ ကာဗယ်ဟို
စပို့တင်းလစ္စဘွန်ရဲ့ ကွင်းလယ်ကစားသမားဖြစ်ပါတယ်။ မန်ယူအသင်းမှာ လိုအပ်နေတဲ့ ကွင်းလယ်နေရာကို ဖြည့်ပေးနိုင်မယ့် ကစားသမားမျိုးပါ။
 
၎။ ဟီဂူအင်
ပြီးခဲ့တဲ့ ဘောလုံးရာသီ စတင်ချိန်ကတည်းက ဟီဂူအင်ကို မန်ယူအသင်းရော အာဆင်နယ်ကပါ စိတ်ဝင်စားနေတာပါ။ တိုက်စစ်မှာ ထက်ထက်မြက်မြက်ရှိတဲ့ တိုက်စစ်မှူးမျိုးတွေကို မော်ရင်ဟို အမြဲခေါ်လေ့ရှိပါတယ်။
 
၅။ ဇလေတန်အီဗရာဟီမိုဗစ်ခ်ျ
ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်ပြီး အခုအသင်းလက်မဲ့ ဖြစ်နေတဲ့ ကစာသမားပါ။ မော်ရင်ဟို မန်ယူရောက်ာလာတဲ့အခါ အီဗရာဟီမိုဗစ်ခ်ျက မန်ယူကစားသမားဖြစ်လာဖို့ အနီးစပ်ဆုံး ကစားသမားတစ်ဦးဖြစ်ပါတယ်။
 
Credit : Duwun

24 May 2016     1,339 Views




RELATED

Most Popular of International News

Most Popular of Sport