မိုဘိုင်းလ် ဖုန်း တွေနဲ့ ကားခပေးလို့ရတော့မယ့် BRT Bus များ
24 May 2016 1,686 Views

ရန်ကုန်မြို့မှာ လတ်တလောပြေးဆွဲနေတဲ့ BRT ယာဉ်လိုင်းတွေမှာ QR code စနစ်တွေနဲ့ ယာဉ်စီးခ ကောက်ခံသွားမှာဖြစ်လို့ ခရီးသွားပြည်သူတွေ အနေနဲ့ မိုဘိုင်းဖုန်းတွေကနေတဆင့် ယာဉ်စီးခတွေကို အလွယ်တကူ ပေးချေနိုင်တော့မယ်လို့ သိရပါတယ်။
BRTယာဉ်လိုင်းတွေက ယာဉ်စီးခကောက်ခံမှု စနစ်တွေမှာ QR code စနစ်တွေထည့်သွင်း အသုံးပြုသွားတော့မယ်လို့ မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောခဲ့တာပါ။
လောလောဆယ်မှာတော့ ဒီစနစ်ကို စတင်အသုံးပြုဖို့ အချိန်နည်းနည်းကြာဦးမှာ ဖြစ်ပေမယ့် ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ပြီး အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မိုဘိုင်းဖုန်းတွေနဲ့ ကားခပေးချေနိုင်ရင် စီနင်းသူတွေအတွက် ငွေဖြည့်ကတ် အလွယ်တကူမ၀ယ်နိုင်တဲ့ ပြဿနာတွေကြုံရတော့မှာ မဟုတ်ဘဲ ငွေကောက်ခံသူတွေကလည်း ယာဉ်စီးခကို အတိအကျ ရနိုင်တော့မယ်လို့ ဆိုပါတယ်။
Source : DVB







