BEC-TERO TV

အမျိုးသမီး(၈)ဦးကို ရိုက်နှက်ပြီး မုဒိန်းကျင့်ခဲ့သူ ဖမ်းမိ

24 May 2016     1,973 Views


ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် စံစိုင်း မြို့ နယ်အတွင်းမှာ ညပိုင်း ဆိုင်ကယ်စီး အလုပ်ပြန်လာတဲ့ အမျိုးသမီး တွေကို မုဒိန်းကျင့်နေသူ တရားခံပြေးတဦးကို ဖယောင်မြို့ နယ်အတွင်းက စားသောက်ဆိုင်မှာ ဖမ်းမိခဲ့ပါတယ်။ တနှစ်အတွင်း အမျိုးသမီး(၈)ဦးကို မုဒိန်းကျင့်ခဲ့သူ ဖွန်ချိုင်း အသက် (၂၉) နှစ်က ညပိုင်းမှာ ဆိုင်ကယ်တစီးနဲ့ ချင်းမိုင် မြို့ ကိုပါတ်ပြီး တဦးထဲပြန်လာတဲ့ အမျိုးသမီးရဲ့ နောက်ကနေ ဆိုင်ကယ်နဲ့  လိုက်၊ လူပြတ်တဲ့နေ ရာမှာ ဆိုင်ကယ်ချင်း ကပ်မောင်းပြီး လမ်းဘေးထိုးကျအောင်လုပ်ပြီးမှ အမျိုးသမီးတွေကို မြက်တောထဲဆွဲခေါ် ၊ရိုက်နှက်ပြီး လိင်ဆက်ဆံ ပါတယ်။

ချင်းမိုင်းမြို့ နယ်မှာ ဖြစ်ခဲ့တဲ့ တရားခံမပေါ်တဲ့ မုဒိန်းမှု တွေမှာ မင်္သကာရတဲ့ တရားခံတွေကို ဖမ်းမိတဲ့အခါ သက်သေအမျိုးသမီးတွေ ကို တရားခံကိုပြပြီး ဟုတ်မဟုတ်စစ်တဲ့အခါ ဖြစ်တဲ့အချိန်ဟာ ညပိုင်း မို့  အတိအကျ မပြောနိုင်ကြဘဲ ဖြစ်နေခဲ့ပါတယ်။ခုနောက်ဆုံးတရားခံ ကို စစ်ဆေးတဲ့အခါ မှ မုဒိန်းကျင့် ခံခဲ့ရတဲ့ အမျိုးသမီး တချို့  က တရားခံရဲ့  လိင်တန်ဟာ (၅)နှစ်သားခလေးလို သေးသေးလေးဖြစ် လို့  တရားခံ လိင်တန်ကို စစ်ဆေးဘို့ ရယ် အမျိုးသားကို " ပျော်ရဲလားလို့  " ပြောခိုင်းဘို့  တောင်းဆိုခဲ့ရာက တကယ့်တရားခံ ဟာ ဖွန်ချိုင်း ဆိုတာကို အားလုံးက အတည်ပြုနိုင်ခဲ့ပါတယ်။ တရားခံဖွန်ချိုင်းဟာတကယ်ဘဲ ငါးနှစ်သားခလေးလို လိင်တန်အလွန်သေးနေပြီး မုဒိန်းကျင့်ပြီးတိုင်း " ပျော်ရဲလားလို"့ မေးတဲ့ အသံကို သက်သေအဖြစ် မှတ်မိနေလို့ ဖြစ်ပါတယ်။

Credit : thithtoolwin.com/


24 May 2016     1,973 Views




RELATED

Most Popular of Special or Others

Most Popular of NEWS