BEC-TERO TV

ကချင်ပြည်နယ်ဘက်ခရီးသွားချင်တဲ့ ဆန်းသစ်လ

24 May 2016     1,295 Views


ပြည်တွင်းနေရာ တော်တော်များများကို ရောက်ဖူးပြီးတဲ့ သူမကတော့ ကချင်ပြည်နယ်ဘက်ကို သွားဖို့ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်တွေနဲ့ သွားရင်းနဲ့ နေရာ တော်တော်များများကို ရောက်ဖူးတာ ဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။ " အနုပညာအလုပ်တွေနဲ့ ခရီးသွားတာ များတယ်။ပြည်တွင်းမှာဆိုရင်လည်းတော်တော်များများတော့ ရောက်တယ်။ ဒါပေမဲ့ ကချင်ပြည်နယ်ဘက်ကို ကျန်နေသေးတယ်။ သွားဖို့စိတ်ကူးထားပါတယ်" လို့ သူမက ဆိုပါတယ်။ ပြည်ပခရီးစဉ်အနေနဲ့ ဘန်ကောက်ကို ဈေးဝယ်ထွက်ဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။လက်ရှိမှာတော့ တစ်ကိုယ်တော်အခွေ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Credit:Duwun


24 May 2016     1,295 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment