ဖိုက်တာမင်းသမီး မက်ဂီ
24 May 2016 1,704 Views

အမေရိကန်မော်ဒယ် မင်းသမီး မက်ဂီဟာ ဟာဝိုင်အီမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး သူမရဲ့ဖခင်က အိုင်းရစ်လူမျိုးဖြစ်ကာ မိခင်ကတော့ ဗီယက်နမ်လူမျိုး ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှစတင်ကာ မော်ဒယ်အဖြစ် အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ မက်ဂီဟာ ၁၉၉၈ ခုနှစ်မှာတော့ သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ လက်ရှိမှာတော့ Nikita ဆိုတဲ့ အတိုက်အခိုက်ကောင်းလှတဲ့ လျှို့ဝှက်အဖွဲ့အစည်းက အမျိုးသမီးဇာတ်ကောင်အဖြစ် လူသိများလျက်ရှိတဲ့ မက်ဂီဟာ များသောအားဖြင့် အက်ရှင်ဇာတ်ကြမ်းတွေနဲ့ အတိုက်အခိုက် အသတ်အပုတ် ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ မင်းသမီးတစ်ဦးပါ။
၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Naked Weapon အမျိုးသမီးအက်ရှင် ဇာတ်ကားကြီးမှာစတင်ကာ ပရိသတ်တွေအားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ သူမဟာ ဂျက်ကီချမ်းနဲ့တွဲပြီး ရုပ်ရှင်ဇာတ်ကားအချို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ Mission: Impossible 3, Live Free or Die Hard, Balls of Fury, Three Kingdoms, Resurrection of the Dragon, Priest ဇာတ်ကားတွေကတော့ သူမရဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေဖြစ်ကာ Divergent သိပ္ပံအက်ရှင်ဇာတ်ကား ၃ကားလုံးမှာလည်း သူမ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
ရုပ်ရှင်ဇာတ်လမ်းတွဲတချို့မှာလည်း ပါဝင်လေ့ရှိတဲ့ သူမဟာ Nikita ဆိုတဲ့ဇာတ်ရုပ်နဲ့ တသားတည်းကျအောင် သရုပ်ဆောင်နိုင်သူမို့ အမာခံပရိသတ်တွေရဲ့ အားပေးမှုကို စဉ်ဆက်မပြတ် ရရှိနေသူလည်း ဖြစ်ပါတယ်။ ဖိုက်တာမင်းသမီး မက်ဂီကို ၁၉၇၉ ခုနှစ် မေလ ၂၂ ရက်မှာ မွေးဖွားခဲ့တာပါ။
Credit : duwun.com.mm/