ဟနွိုင်းရှိ စားသောက်ဆိုင်တွင် ၆ ဒေါ်လာတန် ညစာစားခဲ့သည့် အိုဘားမား
24 May 2016 1,708 Views

ဗီယက်နမ်ကို အလည်အပတ် ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ ဟနွိုင်းက သိပ်ဈေးမကြီးတဲ့ စားသောက်ဆိုင်တခုမှာ အမေရိကန် စားဖိုမှူး အန်တိုနီ ဘော်ဒိုင်းနဲ့ သွားရောက်စားသောက်ခဲ့ပါတယ်။ မေ ၂၃ ရက်ညက ၀က်ကင်နဲ့ ခေါက်ဆွဲတွေရောင်းတဲ့ ဟောင်လီယန်ဆိုင်မှာ စားသောက်ခဲ့တာဖြစ်ပြီး ကုန်ကျငွေက ၆ ဒေါ်လာပဲရှိတယ်လို့ ဆိုပါတယ်။ ဆိုင်ထဲမှာလည်း ဒေသခံတွေ စားသောက်နေသလို အိုဘားမား ရောက်လာတဲ့အတွက် အံ့သြခဲ့တယ်လို့လည်း သတင်းတွေမှာ ရေးပါတယ်။
ပလတ်စတစ်ခုံပေါ်မှာထိုင်၊ ဈေးပေါပြီး အရသာရှိတဲ့ ခေါက်ဆွဲကိုစားပြီး အေးမြတဲ့ ဟနွိုင်းဘီယာကို သောက်ခဲ့တယ်လို့ အန်တိုနီ ဘော်ဒိုင်းက တွစ်တာမှာ ရေးပါတယ်။ အိုဘားမား စားသောက်ပြီး ပြန်မယ့်အချိန် အပြင်ဘက်မှာ လူအုပ်ကြီးက စောင့်နေခဲ့ပြီး သြဘာပေးခဲ့တယ်လို့ ဆိုပါတယ်။ အိုဘားမားကလည်း ကားနဲ့ မထွက်ခွာမီ လူအုပ်ကို ပြန်နှုတ်ဆက်ခဲ့ပါတယ်။
Credit : burmese.dvb.no/






