အဝတ်ဗလာနဲ့ အိပ်လျှက် လမ်းလျှောက်နေသူကို ရဲတပ်ဖွဲ့မှ ဟိုတယ်ပြန်ပို့ပေးခဲ့ရ
25 May 2016 2,061 Views

မန်ချက်စတာမြို့က ရဲအရာရှိတွေဟာ အဝတ်အစား လုံးဝ၀တ်မထားပဲ အိပ်လျက်ကြီး လမ်းလျှောက်လာသူတစ်ယောက်ကို သူ့တည်းခိုရာ ဟိုတယ်သို့ ကူညီပို့ဆောင်ပေးခဲ့ကြရပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အဲဒီပုဂ္ဂိုဟာ အိပ်ယာထဲကနေ ထလာပြီး သူတို့နေထိုင်တည်းခိုတဲ့ အခန်းတံခါးမှ ထွက်လာခဲ့တာဖြစ်ပြီး လန်ဒန်မြို့လယ်ကောင် Cholton Street ဆီ ယောင်လည်လည် လျှောက်လာခဲ့ပါတယ်။
ရဲတွေက သူ့ကို နှိုးပြီး သူ့အရှက်ကို ကာကွယ်ပေးဖို့အတွက် ဂျက်ကက်အကျီင်္တစ်ထည်ပေးတဲ့အခါမှသာ အားလုံးရယ်မောနိုင်ခဲ့ကြတာပါ။ ဒါ တကယ် အိပ်ပျော်လျက်ကြီး လမ်းလျှောက်တာဖြစ်ကြောင်းနဲ့ သက်သက်လုပ်တာ မဟုတ်ကြောင်းလည်း ရဲတပ်ဖွဲ့က သိခဲ့ရပါတယ်။
အဲဒီလူဟာ အကူအညီအတွက် ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ်တဲ့။ Chorlton လမ်းဟာ မန်ချက်စတာမြို့တော်တက္ကသိုလ်နဲ့ အဝေးပြေးဘတ်စ်ကားဂိတ် နဲ့ ကပ်လျက် မြို့လယ်ခေါင်တည့်တည့်မှာ တည်ရှိပါတယ်။







