BEC-TERO TV

ချစ်သူရှိနေပြီလို့ကြေညာလိုက်တဲ့ မိုးယုစံ

25 May 2016     2,280 Views


မိုးယုစံ ကတော့ ချစ်သူရှိနေပြီလို့ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ မိဘတွေ သဘောတူလို့ တွေ့ဖြစ်ကြ ရာက ချစ်သူတွေ ဖြစ်သွားကြတဲ့ အတွက် သူမရဲ့ အချစ်ရေးကတော့ ရိုမန်တစ် မဆန်ပါဘူးလို့ မိုးယုစံက ဆိုပါတယ်။ ဇူလိုင်လထဲမှာ အသက်၂၅နှစ်ပြည့်မယ့် သူမက အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်ပြီလို့လည်း ဆိုပါတယ်။ "ငယ်ငယ်တုန်းကတော့ အချစ်ရေးကို အရေးကြီးတယ်လို့ စဉ်းစားဖူးတယ်။

ဒါပေမယ့် အသက်ကြီးလာတဲ့အခါ အချစ်နဲ့ အခြား အကြောင်း အရာတွေက ၅၀၊ ၅၀ စီဖြစ်သွားတယ်။ အဲ့ဒီအခါအမှာ အချစ်ရေးကို အရမ်း ဦးစားပေးတာ မဟုတ်ဘဲ ကိုယ့်ဘဝ တစ်လျှောက်လုံး အတွက်ပါ စဉ်းစားဖြစ်သွားတယ်။ မိုးယုချစ်တဲ့သူနဲ့ လက်ထပ်မယ့်သူ တစ်ယောက်တည်း ဖြစ်သွားတာပေါ့" လို့ သူမက ဆိုပါတယ်။ချစ်တဲ့သူနဲ့ လက်ထပ်တဲ့သူ တစ်ယောက်တည်း ဖြစ်သွားတယ်လို့ သူမက ဆိုပါတယ်။

Credit : duwun.com.mm/


25 May 2016     2,280 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment